Monday, August 3, 2026

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ...

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ...

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့...

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊...
HomeInternationalApple ၏ တန်ဖိုးနည်း...

Apple ၏ တန်ဖိုးနည်း iPhone 16e ကိုစတင်မိတ်ဆက်

ဆန်ဖရန်စစ်စ္စကို၊ ဖေဖော်ဝါရီ ၂၀

Apple သည် ၎င်း၏ အထင်ကရ စက်ပစ္စည်းများ၏ ရောင်းအားကို ပြန်လည်တိုးတက်ရှင်သန်လာစေရန် ကြိုးပမ်းနေပြီး သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် iPhone 16e မိုဒယ်အသစ်ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။

Apple သည် iPhone 16e ကို ထိပ်တန်းဈေးကြီးသောမိုဒယ်များတွင် တွေ့ရသည့် အင်္ဂါရပ်များစွာ ပါဝင်သည့်ဖုန်းအဖြစ် ကြော်ငြာခဲ့ပြီး Apple မှ ကိုယ်ပိုင်ထုတ်လုပ်ထိန်းချုပ်ထားသည့် Apple Artificial Intelligence (AI) လုပ်ဆောင်ချက်များနှင့် OpenAI ၏ ChatGPT ပေါင်းစပ်ထားမှုလည်း ပါဝင်သည်ကို တွေ့ရသည်။

Apple၏ နိုင်ငံတကာ iPhone ထုတ်ကုန်စျေးကွက်ရှာဖွေရေး၏ ဒုတိယဥက္ကဋ္ဌ ကီးအမ်း ဒရန့်စ် က ထုတ်ပြန်ကြေညာချက်တွင် – “iPhone 16e သည် iPhone 16 ကိုများစွာနှစ်သက် အသုံးပြုသူများကဲ့သို့ ခေတ်မီသော ဘက်ထရီသက်တမ်းရှည်ခြင်း၊ နောက်ဆုံးပေါ် A18 ချစ်ပ်ဖြင့် မြန်ဆန်သော လုပ်ဆောင်မှုများလုပ်ဆောင်နိုင်ခြင်း၊ တီထွင်မှုအသစ် 2-in-1 ကင်မရာစနစ်ပါဝင်ခြင်းနှင့် Apple Intelligence စသည့် အင်္ဂါရပ်များပါဝင်သည်” ဟု ပြောကြားခဲ့သည်။

iPhone 16e ကို အမေရိကန်ဒေါ်လာ ၅၉၉ (စင်ကာပူဒေါ်လာ ၈၀၄) ဖြင့် အမေရိက တွင် စတင်ရောင်းချနေပြီး၊ ပုံမှန် iPhone တစ်လုံး၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၉၉ ကျသင့်မှုနှင့် နှိုင်းယှဉ်ထားပြီး ဖေဖော်ဝါရီ ၂၈ တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း Apple မှ သိရသည်။

အဆိုပါစီးရီးသည် ၂၀၂၂ ခုနှစ်ထိ ထုတ်လုပ်ခဲ့သည့် Apple ၏ iPhone SE စီးရီးကို ပြန်လည်အသက်သွင်းထားခြင်းဖြစ်ပြီး၊ တန်ဖိုးနည်း iPhone များကို ကြိုက်နှစ်သက်သော အသုံးပြုသူများအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။

စိတ်ကြိုက်ပြုပြင်ထားသော ကွန်ပျူတာ ချစ်ပ်များနှင့်အတူ၊ iPhone 16e သည် Apple ၏ကိုယ်ပိုင် C1 modem ကို ကြိုးမဲ့ချိတ်ဆက်မှုအတွက် ချိတ်ဆက်အသုံးပြုနိုင်မည့် ပထမဆုံးဖုန်းဖြစ်လာမည် ဖြစ်သည်။ Apple သည် iPhone modems အတွက် ကယ်လီဖိုးနီးယားအခြေစိုက် Qualcomm ကို ကာလရှည်ကြာ မှီခိုအားထားခဲ့သည်။

ပြိုင်ဆိုင်မှုပြင်းထန်သော အချိန်တွင် Apple သည် အထူးသဖြင့် တရုတ်နိုင်ငံတွင် ရှိသောပြိုင်ဘက်များ နှင့် ရင်ဆိုင်ရချိန်တွင် Apple မှ အရောင်းမြှင့်တင်ရန် လုပ်ဆောင်လိုသောကြောင့် ပိုမိုစျေးသက်သာသော iPhone များကို ပွဲဦးထွက်ပြသခဲ့ခြင်းဖြစ်သည်။

Apple သည် နှစ်ကုန်အားလပ်ရက်သုံးလပတ်တွင် ဝင်ငွေအမေရိကန်ဒေါ်လာ ၁၂၄ ဒသမ ၃ ဘီလျံရရှိခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့သော်လည်း ရောင်းအားတိုးတက်မှုသည် စျေးကွက် မျှော်လင့်ချက်ထက် ကျဆင်းသွားခဲ့သည်။

Apple ၏ ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ်အကြောင်းအရာယူနစ်များမှ ဝင်ငွေတိုးလာခြင်း ဖြစ်သော်လည်း တရုတ်ပြည်မကြီးကဲ့သို့ စျေးကွက်များတွင် iPhone ရောင်းအား ကျဆင်းသွားသည် ကိုတွေ့ရှိရသည်။

Apple Intelligence AI စွမ်းရည်များပါရှိသော iPhone မိုဒယ်အသစ်များဖြင့် သုံးစွဲသူများ ဆွဲဆောင်နိုင်လိမ့်မည်ဟု ကုမ္ပဏီက မျှော်လင့်ထားသည်။

Apple နှင့်အတူ၊ Google၊ Microsoft နှင့် Amazon ကဲ့သို့သော အခြားနည်းပညာကုမ္ပဏီကြီးများသည် မျိုးဆက်သစ် AI နည်းပညာ၏စွမ်းအားများသည် တွက်ချက်မှုများအတွက် နောက်ထပ်အခန်းကဏ္ဏ တစ်ခုဖြစ်မည်ဟု ယုံကြည်ကြပြီး နောက်ကျကျန်မနေစေရန် အသုံးစရိတ်များကို မြှင့်တင်နေသည်ဟု ယုံကြည်ကြသည်။

Apple ၏ပြိုင်ဘက် Samsung သည် ယခုလအစောပိုင်းတွင် ၎င်း၏ AI စွမ်းရည်များပါရှိသော Galaxy S25 စီးရီးသစ်ကို ကမ္ဘာတစ်ဝန်းတွင် ဝယ်ယူရရှိနိုင်ရန် မိတ်ဆက်ထားပါသည်။

Ref: အေအက်ဖ်ပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄၅) ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအနက် ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူများကို ဩဂုတ် ၂ ရက်က သွားရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း ဆိပ်ဖြူကြက်သွန်နီဈေးကွက်မှ သိရသည်။ အုံးမှင်၊ လက်ဆည်၊ ဆူးလေကုန်း၊ တပ်မ၊ ဝဲမ၊ ဘဲကျ၊ တပေါင်းနှင့် ကူရှည်အလယ်စု ကျေးရွာများမှ ကြက်သွန်နီများ ပွဲရုံဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၅ သောင်းခန့် ဝင်ရောက်လျက်ရှိသော်လည်း ဝယ်လိုအားများပြီး ကုန်ဝင်နည်းနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူဈေးကွက်တွင် ဇူလိုင်လဆန်းပိုင်းက ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ ဧရာဝ တီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ Manpack(ကျောလွယ်ဂြိုလ်တုဆက်သွယ်ရေးစနစ်)ဖြင့် သမာရိုးကျမြေပြင်ဆက်သွယ်ရေးစနစ်များမရှိသော ဆက်သွယ်မူပြတ်တောက်ထားသည့်အခြေအနေများတွင် ဆက်သွယ်မူရရှိနိုင်ရန် သယ်ဆောင်အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၊ အသံစနစ်၊တိုက်ရိုက်ရုပ်မြင်စနစ်များဖြင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး Command and Control Center(C3)မှလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများအားနှင့် မြေပြင်အခြေအနေအားစောင့်ကြည့်ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071