Monday, August 3, 2026

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ...

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊...

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်တို့...

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque တို့ ယနေ့ သြဂုတ် ၃ ရက်နံနက် ၉...

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀)...

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့...
HomeNewsLocal News

Category: Local News

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင်...

ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်...

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင် ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၂ ရက်တွင်ကျရောက်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အ ခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ သီးနှံများအထွက်တိုးရန်ဆောင်ရွက်ရာ၌ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစ နစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ " သီးနှံတွေ ပိုမိုထွက်ရှိရေးနဲ့ သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေတွေကို နှစ်သီးစိုက်၊ သုံးသီးစိုက် စတဲ့ သီးထပ်စိုက်ပျိုးနိုင်ဖို့ ဒေသအလိုက်၊ ရာသီအလိုက်သီးနှံပုံစံတွေ ချမှတ်ဆောင်ရွက်စေတာကြောင့် တောင်သူတွေအနေနဲ့ ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးကရွှေသီးသည်”လို့ ဆိုရမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များအလွယ်တကူရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကိုလေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကကျသည့် မြေဆီလွှာများပျက်စီးဆုံးရှုံးမှုမရှိစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများတွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များစိုက် ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊...

ရန်ကုန် တာမွေမြို့နယ်ရှိ Mytel...

ရန်ကုန် တာမွေမြို့နယ်ရှိ Mytel Showroom ၌ဗုံးပေါက်ကွဲမှုဖြစ် ရန်ကုန်မြို့၊တာမွေမြို့နယ်၊တာမွေမီးပွိုင့်အနီးရှိ Mytel Showroom ၌ ဖေဖော်ဝါရီ ၈ ရက်(ယနေ့)နံ နက် ၅ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မြို့နယ်နေသူများထံမှ သိရသည်။ "မနက်အစောပိုင်းမှာပေါက်ကွဲသံအကျယ်ကြီးတစ်ချက်ကြားရပြီး ဆူဆူညံညံအသံတွေလည်းကြားရလို့ထွက်စုံစမ်းကြည့်တော့မှ မိုင်တဲဆိုင်မှာဗုံးပေါက်တယ်လို့သိရတာ"ဟုအခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် Mytel Showroom ၏ မီး စက်အကြီးတစ်လုံးနှင့်...

တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေကြောင့် မြင်းမူမြို့နယ်ရှိ...

တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေကြောင့် မြင်းမူမြို့နယ်ရှိ ကျေးရွာအချို့မှစစ်ဘေးရှောင် ၄၀၀ ခန့်စစ်ကိုင်းမြို့ဘက်တိမ်းရှောင် စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်ရှိ ကျေးရွာအချို့မှရွာသူ၊ရွာသား ၄၀၀ ဦးခန့်သည် စစ်တပ်နှင့်ဒေသခံလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေကြောင့် စစ်ကိုင်းမြို့ဘက်သို့ တိမ်းရှောင်ရောက်ရှိနေကြသည်ဟု ဒေသခံများထံမှသိရသည်။ မြင်းမူမြို့နယ်အတွင်းရှိ မဓုရ၊မကျီးကန်၊နဘဲကြူး၊ပဒတ္တိုင်းကျေးရွာတို့မှ ရွာသူ၊ရွာသား ၄၀၀ ဦးခန့်တို့ တိမ်းရှောင်ရောက်ရှိနေခြင်းဖြစ်သည်ဟုသိရသည်။ အဆိုပါ တိမ်းရှောင်လာသူများအား စစ်ကိုင်းမြို့ဘက်ရှိ ဘုန်းတော်ကြီးကျောင်းများ၊စာသင် ကျောင်းအချို့နှင့်မြေနေရာလွတ်များ၌...

ရေဂါလံတစ်သိန်းစုဆောင်းနိုင်သည့် ရေစုကန်တည်ဆောက်မှုရာနှုန်းပြည့်ပြီးစီ

ရေဂါလံတစ်သိန်းစုဆောင်းနိုင်သည့် ရေစုကန်တည်ဆောက်မှုရာနှုန်းပြည့်ပြီးစီး ရန်ကုန်မြို့တော်စည်ပင်၊ရေစီးရေလာဌာနမှ မိုး တွင်းကာလအတွင်း ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် ရန်ကုန်မြို့တော်ခန်းမ၌ တည်ဆောက်ခဲ့သည့် ရေဂါလံတစ်သိန်းစုဆောင်းထားနိုင်သည့် ရေစုကန်တည်ဆောက်မှုမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ မိုးတွင်းကာလများတွင် ရန်ကုန်မြို့တော်ခန်းမအ နီးပတ်ဝန်းကျင်နှင့်ကျောက်တံတားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုအတိုင်းအတာတစ်ခုအထိကာကွယ်နိုင်ရန် ရေဂါလံတစ်သိန်းစုဆောင်းထားနိုင်သည့်ရေစုကန်အား ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁ ရက်၌ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၂၁ ရက်နေ့တွင်...

မြန်မာ့လယ်သမားများ အထွက်တိုးအောင် ဒိန်းမတ်နိုင်ငံကူညီ

မြန်မာ့လယ်သမားများ အထွက်တိုးအောင် ဒိန်းမတ်နိုင်ငံကူညီ ကိုဗစ်၁၉ရောဂါနဲ့ နိုင်ငံရေး အကျပ်အတည်းတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံက ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေက လယ်ယာလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၇ရက်မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။ ဒိန်းမတ်နိုင်ငံအနေနဲ့ ဒီလိုအခြေအနေမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်ကို အမေရိကန် ဒေါ်လာ...

စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်အား ပြန်လွတ်ပေးသည့်...

စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်အား ပြန်လွတ်ပေးသည့် သတင်းအတည်မဖြစ်​သေး လွန်ခဲ့သော ၁နှစ်က ဖမ်းဆီးထိန်းသိမ်းထားကာ လက်ရှိတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည့် စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်အား ပြန်လွတ်ပေးလိုက်ပြီဟု ကမ္ဘောဒီးယားနိုင်ငံသတင်းဌာနတခုက ဖော်ပြရေးသားသော်လည်း လက်ရှိတွင် မဟုတ်​သေးကြောင်း သိရသည်။ Khmer Times သတင်းဌာနက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ တောင်းဆိုမှုအပြီးတွင် သြစတြေးလျ ပါမောက္ခ Sean...

နောက်ဖေးလမ်းကြားဥယျာဉ်တွေကို ထိန်းသိမ်းဖို့ ခက်ခဲနေ

နောက်ဖေးလမ်းကြားဥယျာဉ်တွေကို ထိန်းသိမ်းဖို့ ခက်ခဲနေ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖန်တီးပုံဖော်ထားတဲ့ ရန်ကုန်မြို့တွင်းနောက်ဖေးလမ်းကြားဥယျာဉ်တွေကို ထိန်းသိမ်းဖို့ ပြုပြင်ဖို့ ကြိုးပမ်းရာမှာ ဆက်လက်အကျိုးပြုသွားဖို့ ဒို့အိမ်အနေနဲ့ သန္နိဌာန် ချထားတယ်လို့ ဒို့အိမ်က သိရပါတယ်။ "ဒို့အိမ်အနေနဲ့ အကောင်အထည်ဖော်ပြီးနောက်ဖေးလမ်းကြားဥယျာဉ်တိုင်းကို နှစ်စဉ် မိုးရာသီပြီးတိုင်း အသေးစိတ် သန့်ရှင်းမှု ပြုလုပ်နိုင်ဖို့အားထုတ်သလို ရပ်ကွက်နေပြည်သူတွေရဲ့ အခြားပုံမှန်ထိန်းသိမ်းတဲ့ လှုပ်ရှားမှုတွေမှာလည်း ကူညီထောက်ပံ့ပေးလျက်...

ဒဂုံတောင်ပိုင်းရှိ အသုတ်ဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်

ဒဂုံတောင်ပိုင်းရှိ အသုတ်ဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ် ရန်ကုန်မြို့၊ဒဂုံ(တောင်ပိုင်း)မြို့နယ်၊ ၅၄ ရပ်ကွက်တွင် ယနေ့နံနက် ၇ နာရီခွဲခန့်က ဆိုက်ကယ်စီးလာသူအမျိုးသားနှစ်ဦးမှ အသုတ်ရောင်းသည့်ဆိုင်အတွင်းသို့ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ် သည်ဟု ရပ်ကွက်နေသူများထံမှသိရသည်။ "ဆိုင်ကယ်စီးလာတဲ့နှစ်ယောက်ထဲက နောက်ကထိုင်စီးတဲ့လူကပစ်လိုက်တာ အမျိုးသမီးတစ်ယောက်တော့ဒဏ်ရာရသွားတယ် ဆေးရုံကိုပို့လိုက်ပြီ ကျွန်တော်တို့သိရသလောက်ကတော့ ဆိုင်ကရပ်ကွက်ရုံးနဲ့ရယ် လုံခြုံရေးအဖွဲ့တွေရယ်နဲ့အဆက်အသွယ်ရှိတယ် သူတို့နဲ့နီးစပ်မှုရှိတယ်လို့ကြားတယ် ဒါ့ကြောင့်လာပစ်သွားကြတာလားဆိုတာတော့သေချာမသိဘူးပေါ့"ဟု ၅၄ ရပ်ကွက်နေသူတစ်ဦးကပြော သည်။ အမည်မသိဆိုင်ကယ်စီးလာသူနှစ်ဦးသည်...

၁၉၄၇ ခုနှစ်က ပင်လုံတွင်...

၁၉၄၇ ခုနှစ်က ပင်လုံတွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုပုံစံမျိုးတို့ကို ပြန်လည်ရရှိအောင် တည်ဆောက်သွားကြရမည်ဟု နစကဥက္ကဋ္ဌ ပြောကြား လွန်ခဲ့သော ၇၅ နှစ်က ပင်လုံမြို့ကလေးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သလို ယနေ့အချိန်အခါတွင်လည်း တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို အမြန်ဆုံးပြသနိုင်ဖို့ အားလုံးဝိုင်းဝန်း ကြိုးစားသွားကြဖို့ နစကဥက္ကဋ္ဌကယနေ့ဖေဖော်ဝါရီလ (၇)ရက်နေ့တွင်ကျရောက်သော...

မန္တလေးမြို့ရှိ နန်းတွင်းဝင်ပေါက်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့

မန္တလေးမြို့ရှိ နန်းတွင်းဝင်ပေါက်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊ လမ်း ၈၀ နှင့် ၁၉ လမ်းထောင့်မီးပွိုင့် နန်းတွင်းဝင်ပေါက်အနီး၌ ဖေဖော်ဝါရီ ၆ ရက်ည နေ ၄ နာရီခွဲကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်း၏လုံခြုံရေးအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှသိရသည်။ "နန်းတွင်းဝင်ပေါက်တံတားနားက ကင်းတဲမှာပေါက်တာ ပြည်သူတစ်ယောက်တော့ဒဏ်ရာနည်းနည်းရသွားတယ်လို့သိရတယ် အခင်းဖြစ်စဥ်ကိုစုံစမ်းတဲ့အခါမှာ လက်လုပ်ဗုံးနဲ့ကင်းတဲကိုလာပစ်တာလို့သိရတယ်"ဟုရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။ လုံခြုံရေးကင်းတဲအား လက်လုပ်ဗုံးဖြင့်လာရောက်ပစ်ပေါက်ပြီးနောက် ပစ်ပေါက်ခဲ့သူများမှာထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု သိရသည်။ အခင်းဖြစ်ပြီးနောက်...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!