ဒဂုံတောင်ပိုင်းရှိ အသုတ်ဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်
ရန်ကုန်မြို့၊ဒဂုံ(တောင်ပိုင်း)မြို့နယ်၊ ၅၄ ရပ်ကွက်တွင် ယနေ့နံနက် ၇ နာရီခွဲခန့်က ဆိုက်ကယ်စီးလာသူအမျိုးသားနှစ်ဦးမှ အသုတ်ရောင်းသည့်ဆိုင်အတွင်းသို့ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ် သည်ဟု ရပ်ကွက်နေသူများထံမှသိရသည်။
“ဆိုင်ကယ်စီးလာတဲ့နှစ်ယောက်ထဲက နောက်ကထိုင်စီးတဲ့လူကပစ်လိုက်တာ အမျိုးသမီးတစ်ယောက်တော့ဒဏ်ရာရသွားတယ် ဆေးရုံကိုပို့လိုက်ပြီ ကျွန်တော်တို့သိရသလောက်ကတော့ ဆိုင်ကရပ်ကွက်ရုံးနဲ့ရယ် လုံခြုံရေးအဖွဲ့တွေရယ်နဲ့အဆက်အသွယ်ရှိတယ် သူတို့နဲ့နီးစပ်မှုရှိတယ်လို့ကြားတယ် ဒါ့ကြောင့်လာပစ်သွားကြတာလားဆိုတာတော့သေချာမသိဘူးပေါ့”ဟု ၅၄ ရပ်ကွက်နေသူတစ်ဦးကပြော သည်။
အမည်မသိဆိုင်ကယ်စီးလာသူနှစ်ဦးသည် လက် ပစ်ဗုံးဖြင့်ပစ်ပေါက်ပြီးနောက်မောင်းနှင်ထွက် ပြေးသွားခဲ့သည်ဟု သိရသည်။
“ဖြစ်စဥ်ကမှန်တယ် ဘာ့ကြောင့်အသုတ်ဆိုင်ထဲကိုပစ်တာလဲဆိုတာကတော့စစ်ဆေးနေပါတယ် ပစ်သွားတဲ့နှစ်ယောက်ကိုဖမ်းမိဖို့အတွက်လည်း စစ်ဆေးမှုတွေလုပ်နေပါတယ်”ဟုရဲအရာရှိတစ်ဦးကပြောသည်။
ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိသူအား ဒဂုံ(တောင်) အခြေစိုက်လူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ဆေးကုသမှုခံယူရန် တင်ပို့ခဲ့ရသည်။
“ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်သားတွေရဲတွေကလမ်းတွေကိုပိတ်ပြီး ဆိုင်ကယ်တွေကိုတားပြီးစစ်နေကြတယ် နောက်ပြီးတစ်ချို့လူတွေဆိုရင်လည်းသေချာစစ်နေကြတာတွေ့တယ်”ဟု ၅၄ ရပ်ကွက်နေသူတစ်ဦးကပြောသည်။
Zaw Gyi
ဒဂုံေတာင္ပိုင္းရွိ အသုတ္ဆိုင္တစ္ဆိုင္တြင္ ဗုံးေပါက္ကြဲမႈျဖစ္
ရန္ကုန္ၿမိဳ႕၊ဒဂုံ(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ၅၄ ရပ္ကြက္တြင္ ယေန႔နံနက္ ၇ နာရီခြဲခန္႔က ဆိုက္ကယ္စီးလာသူအမ်ိဳးသားႏွစ္ဦးမွ အသုတ္ေရာင္းသည့္ဆိုင္အတြင္းသို႔ လက္ပစ္ဗုံးျဖင့္ပစ္ေပါက္ခဲ့ျခင္းျဖစ္ သည္ဟု ရပ္ကြက္ေနသူမ်ားထံမွသိရသည္။
“ဆိုင္ကယ္စီးလာတဲ့ႏွစ္ေယာက္ထဲက ေနာက္ကထိုင္စီးတဲ့လူကပစ္လိုက္တာ အမ်ိဳးသမီးတစ္ေယာက္ေတာ့ဒဏ္ရာရသြားတယ္ ေဆး႐ုံကိုပို႔လိုက္ၿပီ ကြၽန္ေတာ္တို႔သိရသေလာက္ကေတာ့ ဆိုင္ကရပ္ကြက္႐ုံးနဲ႔ရယ္ လုံၿခဳံေရးအဖြဲ႕ေတြရယ္နဲ႔အဆက္အသြယ္ရွိတယ္ သူတို႔နဲ႔နီးစပ္မႈရွိတယ္လို႔ၾကားတယ္ ဒါ့ေၾကာင့္လာပစ္သြားၾကတာလားဆိုတာေတာ့ေသခ်ာမသိဘူးေပါ့”ဟု ၅၄ ရပ္ကြက္ေနသူတစ္ဦးကေျပာ သည္။
အမည္မသိဆိုင္ကယ္စီးလာသူႏွစ္ဦးသည္ လက္ ပစ္ဗုံးျဖင့္ပစ္ေပါက္ၿပီးေနာက္ေမာင္းႏွင္ထြက္ ေျပးသြားခဲ့သည္ဟု သိရသည္။
“ျဖစ္စဥ္ကမွန္တယ္ ဘာ့ေၾကာင့္အသုတ္ဆိုင္ထဲကိုပစ္တာလဲဆိုတာကေတာ့စစ္ေဆးေနပါတယ္ ပစ္သြားတဲ့ႏွစ္ေယာက္ကိုဖမ္းမိဖို႔အတြက္လည္း စစ္ေဆးမႈေတြလုပ္ေနပါတယ္”ဟုရဲအရာရွိတစ္ဦးကေျပာသည္။
ျဖစ္စဥ္မွထိခိုက္ဒဏ္ရာရရွိသူအား ဒဂုံ(ေတာင္) အေျခစိုက္လူမႈကူညီေရးအသင္းကားျဖင့္ သဃၤန္းကြၽန္းစံျပေဆး႐ုံသို႔ ေဆးကုသမႈခံယူရန္ တင္ပို႔ခဲ့ရသည္။
“ေပါက္ကြဲမႈျဖစ္ၿပီးေတာ့ စစ္သားေတြရဲေတြကလမ္းေတြကိုပိတ္ၿပီး ဆိုင္ကယ္ေတြကိုတားၿပီးစစ္ေနၾကတယ္ ေနာက္ၿပီးတစ္ခ်ိဳ႕လူေတြဆိုရင္လည္းေသခ်ာစစ္ေနၾကတာေတြ႕တယ္”ဟု ၅၄ ရပ္ကြက္ေနသူတစ္ဦးကေျပာသည္။
