Friday, August 7, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

အမေရိကန်က ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီ...

ခဲယမ်းမီးကျောက်များ၊ သံချပ်ကာယာဉ်များ၊ ဓာတ်ရောင်ခြည်သင့်မှု ဓာတုနှင့် ဇီဝလက်န-က်ဆိုင်ရာ အကာအကွယ်ပစ္စည်းများ ပါဝင်မည့် နောက်ထပ် ဒေါ်လာ သန်း ၅၀၀တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ အထောက်အပံ့ အစီအစဉ်ကို ပေးအပ်ဦးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားသည်။ စက်တင်ဘာ ၂၆ ရက်က သမ္မတ ဂျိုးဘိုင်ဒန်က...

အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု တောင်ကိုရီးယားသမ္မတ...

အမေရိက၏ မဟာမိတ်နိုင်ငံကို ကသောင်းကနင်းအခြေအနေအတွင်း ကျဆင်းစေခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့် ကာလတိုပြဌာန်းခဲ့မှုအတွက် သူ့အပေါ်စွပ်စွဲပြစ်တင်ခြင်းအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် သူ့ပါတီအမတ်များကပါ အတိုက်အခံတို့နှင့် ပူးပေါင်းသွားနိုင်ခြေရှိလာသဖြင့် အဆိုပါကိစ္စအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။ ရှည်လျားသော ရုပ်သံမိန့်ခွန်းတွင် အာရှ၏ စတုတ္ထမြောက်စီးပွားရေးအင်အားကြီးနိုင်ငံ၏ခေါင်းဆောင်က မြောက်ကိုရီးယားသည်...

ထိုင်ဝမ်သမ္မတဟောင်း တရုတ်ပြည်မကြီးသို့သွားမည်

တိုင်ပေ၊ဒီဇင်ဘာ ၁၂ ထိုင်ဝမ်သမ္မတဟောင်း မာရင်ချုံသည် ယခုလအနှောင်းပိုင်းတွင် ဟေလုံချန်နှင့်စီချွမ်ပြည်နယ်များသို့ သွားရောက်မည်ဖြစ်ပြီး ၎င်းသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်ကြောင်း ၎င်း၏ဖောင်ဒေးရှင်းကပြောကြားခဲ့သည်။ မာရင်ချုံဖောင်ဒေးရှင်းစီအီးအိုကမူ ယခုခရီးစဉ်သည် တရုတ်ဘက်မှဖိတ်ကြားချက်အရ ဒီဇင်ဘာ ၁၈ မှ ၂၆ ရက်အတွင်း ကိုးရက်တာသွားမည့်ခရီးစဉ်ဖြစ်ကာ ထိုင်ဝမ်ကျောင်းသားများကို ဦးဆောင်သွားရမည့်ခရီးစဉ်လည်းဖြစ်ကြောင်းဆိုသည်။ ၎င်း၏ပထမခရီးစဉ်ကို ဧပြီလကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ထိုင်ဝမ်နှင့်ပြည်မရှိကျောင်းသားများအတွက်...

အီလွန်မတ်စ် ပိုင်ဆိုင်မှုပမာဏ ဘီလျံ...

ဝါရှင်တန်၊ဒီဇင်ဘာ ၁၂ SpaceX တည်ထောင်သူ Tesla စီအီးအို အီလွန်မတ်စ်သည် ပိုင်ဆိုင်မှုဒေါ်လာ ၄၀၀ ဘီလျံရှိသည့် သမိုင်းတစ်လျှောက် ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း Bloomberg Billionaires Index ၏ဖော်ပြချက်အရသိရသည်။ SpaceX ၏ မကြာသေးမီက အတွင်းပိုင်းရှယ်ယာရောင်းချမှုများက မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုကို မြှင့်တင်ပေးခဲ့ပြီး ရှယ်ယာအရောင်းအ၀ယ်က ၎င်း၏ပိုင်ဆိုင်မှုကြိ...

ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် ထရမ့်ပ်က...

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်သည် နောက်လတွင်ပြုလုပ်မည့် သူ၏ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိတ်ကြားခဲ့သည်ဟု သတင်းရင်းမြစ်များစွာကို ကိုးကား၍ စီဘီအက်စ်သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲအပြီး သိပ်မကြာခင် နိုဝင်ဘာလအစောပိုင်းကပင် ဇန်နဝါရီ ၂၀ ရက်တွင် ဝါရှင်တန်၌...

အနောက်ကို ခရီးမသွားကြရန် နိုင်ငံသားများကို...

အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးသည် ပိုမိုထိပ်တိုက်တွေ့လာသည့် အနေအထားဖြစ်လာသောကြောင့် ရုရှားနိုင်ငံသားများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် အီးယူနိုင်ငံအချို့သို့ ခရီးမသွားကြရန်နှင့် အမေရိကန်အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးခံရနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ရုရှားက ဗုဒ္ဓဟူးနေ့တွင် သတိပေးတိုက်တွန်းလိုက်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးသည် ပြိုပျက်လုနီးနီး အခြေအနေတွင် ရှိနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောဆိုခဲ့သည်။ ဝါရှင်တန်၏...

သြစတြေးလျမှ ဗိုင်းရပ်စ်များပါသော ဖန်ပြွန်များ...

သြစတြေးလျ နိုင်ငံရှိဓါတ်ခွဲခန်းတစ်ခုမှ ‌ေ-သစေလောက်သော ဗိုင်းရပ်စ်များပါဝင်သည့် ဓါတ်ခွဲခန်းဖန်ပြွန် ၃၀၀ ကျော် ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ စိုးရိမ်ရကြောင်း ထင်ရှားသည့် ထိုင်း ဦးဏှောက်နှင့်အာရုံကြောအထူးကုဆရာဝန် ဒေါက်တာ သီရာဗတ် ဟီမချူဒါက ထုတ်ဖော်ပြောဆိုသည်။ ပျောက်ဆုံးသွားသော ဗိုင်းရပ်စ်ပိုးများတွင် Hendra virus Lyssavirus နှင့် Hantavirus တို့လည်းပါဝင်ပြီး...

ရုရှား နျူကလီးယားလက်နက် ဒါဇင်နှင့်ချီ၍...

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဒါဇင်နှင့်ချီသော ရုရှားနျူးကလီးယားလက်နက်များကို သူ့နိုင်ငံက လက်ခံထားသကဲ့သို့ မော်စကို၏ နောက်ဆုံးပေါ် အသံထက်မြန်သော ဒုံးကျည်များ ဖြန့်ကျက်ရေးအစီအစဉ်အတွက်လည်း အဆောက်အအုံများ ပြင်ဆင်နေသည်ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ မည်သည့် ရန်စောင်လာမှုမျိုးကိုမဆို တွန်းလှန်ရာတွင် အထောက်အကူပြုရန်အတွက် ရုရှားနျူကလီးယားလက်နက်များကို အသုံးပြုနိုင်ခြေအပါအဝင် မော်စကို၏ အရင်းနှီးဆုံး မဟာမိတ်...

သစ္စ-ာဖောက်သည်ဆိုသော စွပ်စွဲချက်များကို မဟာသီယာ...

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က သူသည် တိုင်းပြည်အပေါ် သစ္စာဖောက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆန်သွားခဲ့သည်။ ၂၀၁၈ ခုနှစ်က အငြင်းပွား‌ေန‌ေသာကျွန်းငယ်နှစ်ကျွန်းနှင့်ပတ်သက်၍ ရပ်တည်ချက်ကို စွန့်လွှတ်ရန် အစိုးရက ဆုံးဖြတ်ခဲ့မှုအပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးရန် တော်ဝင်စုံစမ်းရေးကော်မရှင်က တောင်းဆိုခဲ့ပြီးနောက် သူ၏ ငြင်းဆိုချက်ထွက်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!