မန္တလေးတိုင်း ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံရှိ ၃၃ ကေဗွီ စက်မှုလိုင်း၏ ဓာတ်အားဖြတ်ခလုတ် (Circuit Breaker) (B-Phase)ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ထို့ကြောင့် အရန်ပစ္စည်းများဖြင့်အစားထိုးလဲလှယ်ရန် ယင်း ခွဲရုံရှိ ၃၃ ကေဗွီ Main Bus အား မနက်ဖြန် ဇူလိုင် ၅ ရက်မွန်းလွဲ ၃ နာရီမှညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း လုပ်ငန်းဆောင်ရွက်နေစဥ်၌ မန္တလေးတိုင်းရှိ ကျောက်ဆည်မြို့၊ မြစ်သားမြို့နှင့် ကူမဲမြို့တို့ရှိ ရပ် ကွက်နှင့်ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်က်ု ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူများကို သက်ဆိုင်ရာမြို့နယ် လျှပ် စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
