Thursday, June 4, 2026

ဥဇဘတ်ကစ္စတန်အသင်းကို ၁ ဂိုးတည်းဖြင့် နိုင်ပွဲလက်လွှတ်ခဲ့ရသော...

ဂျပန်လူမျိုးနည်းပြချုပ်အသစ်၏ နည်းဗျူဟာနှင့်အတူ ပွဲထွက်လာခဲ့သော မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဇွန် ၃ ရက်က AYA Tri- Nations Cup 2026 အဖြစ်...

အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာန...

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာနကို ဇွန် ၃ ရက်မှစတင်ကာဖွင့်လှစ်၍ ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ စတင်ဖွင့်လှစ်နေ့၌ လာရောက်ကုသမှုခံယူသည့် သံ...

တီမောလက်စ်တေနိုင်ငံသမ္မတ၏ပြောကြားချက်များ သည် မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံဆက်ဆံရေးနှင့်...

တီမောလက်စ်တေနိုင်ငံသမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ က မေ ၃၀ ရက်က စင်ကာပူမြို့တွင်ကျင်းပခဲ့သော ရှန်ဂရီလာဆွေးနွေးပွဲနှင့် ဇွန် ၂...

အမေရိကန်၌ ပြုလုပ်သည့် ဆွေးနွေးပွဲများအတွင်း လက်ဘနွန်နှင့်...

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပူးတွဲထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်တွင်...
HomeMoviesAI နည်းပညာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ...

AI နည်းပညာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာ အွန်လိုင်းဆွေးနွေးပွဲကို ကံ့ကော်တောစာကြည့်တိုက်တွင် ဇွန်လ ၅ ရက်၌ ကျင်းပမည်

ကံ့ကော်တော ၏ ယခုဇွန်လအတွက် အသိပညာမျှဝေခြင်း (Knowledge Sharing Session) အွန်လိုင်းဆွေးနွေးပွဲကို လာမည့် ဇွန်လ ၅ ရက် (သောကြာနေ့)၊ ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကံ့ကော်တော အွန်လိုင်းစာကြည့်တိုက် (Kant Kaw Taw Library)သည် မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များနှင့် သုတေသီများအတွက် လူမှုသိပ္ပံနှင့် ဥပဒေရေးရာဆိုင်ရာ အီလက်ထရွန်နစ် အရင်းအမြစ်များကို အခမဲ့ ဖြန့်ချိပေးနေသည့် အဖွဲ့လည်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် (AI)နည်းပညာကို ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲရေးနှင့် Sustainable Development အတွက် ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။ သိုသော် AI က ပတ်ဝန်းကျင် အတွက် အမှန်တကယ် အကျိုးပြုနေသလား၊ သို့မဟုတ် Greenwashing အဖြစ်သာ အသုံးချခံနေရသလား ဆိုသည်မှာ ဆွေးနွေးသင့်သည့်အရေးကြီးသော မေးခွန်းတစ်ခု ဖြစ်လာသည်။ပတ်ဝန်းကျင်ကို အကျိုးပြုနေခြင်း ရှိ၊ မရှိ သို့မဟုတ် သဘာဝပတ်ဝန်းကျင်အကြောင်းပြ၍ ဟန်ပြလုပ်ဆောင်နေသည့် Greenwashing တစ်မျိုးသာ ဖြစ်နေသလားဟူသော မေးခွန်းများအပေါ် အခြေခံကာ “AI for Environmental Protection: Genuine Solution or Greenwashing?” ဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားမည် ဖြစ်သည်။

ယင်းအွန်လိုင်းစကားဝိုင်းတွင် Environment, Health and Safety Myanmar (EHS Myanmar) ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါက်တာ ကောင်းထက်စွမ်း က အဓိက ဖိတ်ကြားခံဟောပြောသူ (Speaker) အဖြစ် ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။

ဒေါက်တာ ကောင်းထက်စွမ်းသည် ထိုင်းနိုင်ငံ Mahidol University မှ Environmental and Water Resources Engineering ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ (Ph.D.) ရရှိထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံ KMUTT တက္ကသိုလ်၌ အကြီးတန်းသုတေသနပညာရှင် (Senior Researcher) အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲကို အွန်လိုင်းဗီဒီယိုစနစ်ဖြစ်သော Zoom Cloud Meetings မှတစ်ဆင့် မည်သူမဆို အခမဲ့ ပါဝင်နားဆင်နိုင်ရန် ဖိတ်ခေါ်ထားခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဥဇဘတ်ကစ္စတန်အသင်းကို ၁ ဂိုးတည်းဖြင့် နိုင်ပွဲလက်လွှတ်ခဲ့ရသော မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

ဂျပန်လူမျိုးနည်းပြချုပ်အသစ်၏ နည်းဗျူဟာနှင့်အတူ ပွဲထွက်လာခဲ့သော မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဇွန် ၃ ရက်က AYA Tri- Nations Cup 2026 အဖြစ် ဥဇဘတ်ကစ္စတန်အသင်းနှင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ယှဥ်ပြိုင်ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဥဇဘတ်ကစ္စတန်အသင်းတို့မှာ အကြိတ်အနယ်ယှဥ်ပြိုင်ကစားခဲ့ကြပြီးနောက် ပွဲပြီးဆုံးချိန်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှာ ဥဇဘတ်ကစ္စတန်အသင်းအား ၁ ဂိုး ဂိုးမရှိရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ AYA Tri-Nations Cup 2026 ပြိုင်ပွဲ၏ ဒုတိယပွဲစဥ်အဖြစ် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဇွန် ၉ ရက်တွင် ထိုင်းအသင်းနှင့် ယှဥ်ပြိုင်ကစားရမည် ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်...

အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာန စတင်ဖွင့်လှစ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာနကို ဇွန် ၃ ရက်မှစတင်ကာဖွင့်လှစ်၍ ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ စတင်ဖွင့်လှစ်နေ့၌ လာရောက်ကုသမှုခံယူသည့် သံ ဃာတော်များအား ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက အံကပ်များတပ်ဆင်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ တာဝန်ရှိသူများက အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ရှိ သွားနှင့် ခံတွင်းရောဂါ အထူးကုဌာနအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တီမောလက်စ်တေနိုင်ငံသမ္မတ၏ပြောကြားချက်များ သည် မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံမိသားစုစိတ်ဓာတ်ကိုထိခိုက်ပျက်စီးစေ   မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုရှိသော မြေပြင်အခြေအနေမှန်များကို မည်သူမဆိုကိုယ်တိုင်လာရောက်ကြည့်ရှုရန်ဖိတ်ခေါ်

တီမောလက်စ်တေနိုင်ငံသမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ က မေ ၃၀ ရက်က စင်ကာပူမြို့တွင်ကျင်းပခဲ့သော ရှန်ဂရီလာဆွေးနွေးပွဲနှင့် ဇွန် ၂ ရက်က ဂျကာတာမြို့တွင်ကျင်းပခဲ့သည့် အာဆီယံနှင့် အရှေ့အာရှစီးပွား ရေးသုတေသန(ERIA)အစည်းအဝေးတို့၌ မြန်မာနိုင်ငံ ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍အထင်အ မြင်လွဲမှားစေသည့် ပြောကြားချက်များကိုပြောဆိုခဲ့သည်။ ထိုသို့ မြန်မာနိုင်ငံ၏ပုံရိပ်ကိုထိခိုက်စေသည့် မှားယွင်းစွာပုံဖော်ပြောဆိုမှုများသည် မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေပြီး အာဆီယံမိသားစုစိတ်ဓာတ်ကိုလည်း ထိခိုက်ပျက်စီးစေ သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ အဆိုပါပြောကြားမှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာများအပေါ် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ အခြေခံမူများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071