Thursday, June 18, 2026

တသက်တာ အမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့်...

အမျိုးသားစာပေဆု ၅ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး၊ ၂၀၁၈ တွင် တသက်တာ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးဆရာကြီး ဦးတင်မောင်မြင့်သည် ယနေ့ ဇွန်လ ၁၈...

တရုတ်၏ ကမ္ဘာ့စီးပွားရေးချိတ်ဆက်မှု မဟာဗျူဟာကို ဖော်ဆောင်နေသည့်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ (Shanghai Lingang Special...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့...

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး...

မြန်မာ့အာကာသကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တရုတ်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန်...

မြန်မာနိုင်ငံ၏ အာကာသသိပ္ပံနှင့် အာကာသစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ကျွမ်းကျင်ပညာရှင် လေ့ကျင့်မွေးထုတ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ...
HomeInternationalAI တီထွင်သူများအနေဖြင့် အသိဉာဏ်နှင့်ပတ်သက်၍လေ့လာမှုများပြုလုပ်ရန်...

AI တီထွင်သူများအနေဖြင့် အသိဉာဏ်နှင့်ပတ်သက်၍လေ့လာမှုများပြုလုပ်ရန် ကမ္ဘာတစ်ဝန်းမှ ပညာရှင်များက သတိပေးလိုက်ခြင်း

AI စနစ်တွေပိုမိုအဆင့်မြင့်လာတာနှင့်အမျှ AI နည်းပညာတီထွင်သူတွေအနေဖြင့် အသိဉာဏ်နဲ့ ပတ်သက်ပြီး လေ့လာမှုတွေပိုမိုပြုလုပ်သွားဖို့ ကမ္ဘာတစ်ဝန်းမှပညာရှင်ပေါင်းများစွာက အိတ်ဖွင့်စာ တစ်စောင်မှာ လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ပါတယ်။

လူသားအဆင့်အသိဉာဏ်ရှိပြီး ခံစားချက်ရှိတဲ့ AI စနစ်တွေကို သိပ္ပံစိတ်ကူးယဉ်နယ်ပယ် အဆင့်အနေနဲ့သာမဟုတ်တော့ဘဲ မကြာခင်မှာ တွေ့မြင်လာရတော့မယ်လို့ ကျွမ်းကျင်ပညာရှင်များက တစ်ညီတစ်ညွတ်တည်း လက်ခံထားပါတယ်။

AI ဆိုတဲ့ဝေါဟာရဟာ သာမန်အားဖြင့် လူ့အသိဉာဏ်နဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးနိုင်စွမ်းရှိတဲ့ ကွန်ပျူတာစနစ်တစ်မျိုးပဲဖြစ်ပါတယ်။ ဆိုလိုတာက လူသားတွေရဲ့ဉာဏ်ရည်နဲ့ ဆုံးဖြတ်တွက်ချက်ပေးရတဲ့ အလုပ်တွေကို လူသားတွေအတိုင်း လုပ်ဆောင်ပေးနိုင်စွမ်းရှိတဲ့ ကွန်ပျူတာစနစ်တစ်မျိုးပါပဲ။ ဒီလိုစနစ်တွေထဲမှာ မေးလိုက်တဲ့ မေးခွန်းတွေကို လူသားတစ်ဦးလိုနားလည်စွမ်းရှိပြီး အဖြေပြန်ပေးနိုင်စွမ်းရှိတဲ့ Chatbot တွေအပြင် ဓာတ်ပုံတွေထဲမှာပါတဲ့ အရာဝတ္ထုတွေကို မှတ်မိနိုင်စွမ်းရှိတဲ့ စနစ်တွေလည်းပါဝင်ပါတယ်။

Open AI ရဲ့ Generative Pre-trained Transformer 4 (GPT-4) မှာ အမှားအယွင်းအချို့နဲ့ အချက်အလက်အမှားမျှဝေနေတာတွေရှိနေပေမည့်လည်း ရှေ့နေအရည်အချင်းစစ်စာမေးပွဲကို အခုဆိုရင် အောင်မြင်စွာဖြေဆိုနိုင်ပြီဖြစ်ပါတယ်။

ဒီလိုစာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်တယ်ဆိုတာကတော့ AI ရဲ့စွမ်းဆောင်ရည်တွေထဲကတစ်ခုပဲရှိပါသေးတယ်။ AI အသုံးပြုထားတဲ့ဆော့ဖ်ဝဲတွေကို ဘဏ္ဍာရေး၊ ဈေးကွက်ရှာဖွေရေးနဲ့ ကျန်းမာရေး ဆိုင်ရာသုတေသနလုပ်ငန်းတွေအပါအဝင် အခြားကဏ္ဍတွေမှာလည်း အသုံးပြုနေပြီဖြစ်ပါတယ်။

မကြာသေးမီကပဲ Elon Musk က AI နဲ့ပတ်သက်ပြီး ထိထိရောက်ရောက်နဲ့ ဘေးကင်း လုံခြုံစိတ်ချရတဲ့စနစ်တွေ ရေးဆွဲအကောင်အထည် ဖော်နိုင်တဲ့အချိန်ရောက်တဲ့အထိ AI တီထွင်မှုတွေကို ခဏ ရပ်တန့်ထားသင့်တယ်လို့ ဆိုခဲ့ပါတယ်။

Musk ရဲ့ ဇနီးဟောင်း Tallulah Riley ကလည်း Artificial General Intelligence(AGI) နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လူတွေကိုအသိပညာပေးတာမျိုးတွေလုပ်သင့်တယ်လို့ တွစ်တာ မှာရေးသားခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေနဲ့ ဒဿနိကပညာရှင်တွေပါဝင်တဲ့ Association for Mathematical Consciousness Science (AMCS) အဖွဲ့အစည်းကလည်း AI ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ အသိဉာဏ် ဆိုင်ရာသုတေသနတွေလုပ်ဖို့ လိုအပ်ကြောင်း အိတ်ဖွင့်စာတစ်စောင်ရေးသားခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ AI တီထွင်မှုတွေကို ရပ်ထားဖို့ဆိုတာနဲ့ပတ်သက်တဲ့အမြင်မျိုးတော့မပါရှိပါဘူး။

ဒါပေမည့် ဒီလိုအိတ်ဖွင့်စာဟာ အသိဉာဏ်ရည်ကိုသိပ္ပံနည်းကျပိုမိုနားလည်စေဖို့နဲ့ AI ကိုအသုံးချပြီး လူ့အဖွဲ့အစည်းတွေနဲ့ ဘယ်လိုမျိုးယှဉ်တွဲပြီးနေထိုင်မလဲဆိုတဲ့ အချက်တွေကိုဖြစ်လာစေပါတယ်။ နောက်ပြီး AI နည်းပညာအလျင်အဟုန်တိုးတက်လာခြင်းက အသိဉာဏ် သိပ္ပံနယ်ပယ်မှာ အရှိန်အဟုန်မြှင့်ပြီး သုတေသနပြုလုပ်ဖို့လိုအပ်နေပြီလို့ ဒီစာကညွှန်းဆိုနေပါတယ်။

မနှစ်တုန်းက Google ရဲ့ အင်ဂျင်နီယာတစ်ယောက်ဟာ AI စနစ်မှာ အသိဉာဏ် အာရုံခံနိုင်စွမ်းရှိနေပြီလို့ထုတ်ဖော်ပြောဆိုမိတာကြောင့် အလုပ်ထုတ်ခံခဲ့ရပါတယ်။

ChatGPT နဲ့ပြိုင်ဘက် Google Bard ဟာ ခံစားမှုတွေကိုဖော်ထုတ်ပြသနိုင်နေပြီလို့ Blake Lemoine ကရေးသားထားပါတယ်။

Bard မှာ လူသားတွေပြုမူဆက်သွယ်တဲ့ပုံစံအတိုင်း အတိအကျအလုပ် လုပ်စေမည့်ပရိုဂရမ်ကို ရေးသားထားတဲ့ Lamda Language ကို Google က ပြုပြင်ထားပါတယ်။

ဒါပေမည့် မကြာသေးမီကပဲ Google ရဲ့သူဌေးဖြစ်သူ Sundar Pichai က “Bard ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သူ အပြည့်အဝနားမလည်ဘူး” လို့ CBS သတင်းဌာနကိုပြောခဲ့ပါတယ်။

ဒါ့အပြင် လူ့စိတ်ဆိုတာကိုလည်း အပြည့်အဝနားလည်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့် Association for Mathematical Consciousness Science (AMCS) အဖွဲ့အစည်းက အသိဉာဏ်နဲ့ ပတ်သက်ပြီးသုတေသနတွေ ပိုပြီးပြုလုပ်ဖို့တောင်းဆိုခဲ့တာလို့ Pichai က ထပ်လောင်းပြောခဲ့ပါတယ်။

လူသားတွေအနေနဲ့ကတော့ AI နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစရာတွေ၊ ထိတ်လန့်စရာတွေ ကြုံတွေ့ရပေမည့်လည်း ဒီနည်းပညာဟာနောက်ဆုံးပေါ်နည်းပညာဖြစ်တာကြောင့် AI နဲ့ပတ်သက်တဲ့ စီမံကိန်းတွေမှာတော့ ငွေကြေးမြောက်များစွာ ရင်းနှီးမြှုပ်နှံထားကြပါတယ်။ ဥပမာပြရရင်တော့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းကမှ ထွက်လာတဲ့ AI ChatGPT ဟာလူကြိုက်များရေးပန်းစားနေဆဲဖြစ်ပါတယ်။

AI ဟာ အင်တာနက်ကိုအသုံးပြုပြီး လူတစ်ယောက်ကပြန်ဖြေသလိုမျိုး မေးခွန်းတွေကို ပြန်ဖြေပေးနိုင်ပါတယ်။ Microsoft ကုမ္ပဏီအနေ့နဲ့ AI ကိုအသုံးပြုပြီး နေ့စဉ်ဆောင်ရွက်နေရတဲ့ ပျင်းရိငြီးငွေ့ဖွယ်ရုံးလုပ်ငန်းတွေ ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ဖို့အတွက် Open AI မှာ ငွေကြေးရင်းနှီး မြှုပ်နှံမှုတွေလုပ်ထားပါတယ်။

AI နည်းပညာဟာ လူသားတွေအချိန်ပြည့်လုပ်ဆောင်ရတဲ့အလုပ်ပေါင်း သန်း ၃၀၀ ခန့်မှာ အစားထိုးဆောင်ရွက်ပေးနိုင်တော့မယ်လို့ အစီရင်ခံစာတစ်ခုမှာရေးသားထားပါတယ်။

AI လုပ်ငန်းတွေက လူသားတွေကို အလုပ်အကိုင်အသစ်တွေဖန်တီးပေးသွားဦးမှာဖြစ်ပေမည့် အဲ့ဒီအလုပ်အကိုင်တွေရဖို့အတွက်ကတော့ လူသားတွေအနေနဲ့ ကျွမ်းကျင်မှုအသစ်တွေ လေ့လာဖို့လိုအပ်နေဦးမှာဖြစ်ပါတယ်။

Ref:AI creators must study consciousness, experts warn (msn.com)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တသက်တာ အမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့် ကွယ်လွန်

အမျိုးသားစာပေဆု ၅ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး၊ ၂၀၁၈ တွင် တသက်တာ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးဆရာကြီး ဦးတင်မောင်မြင့်သည် ယနေ့ ဇွန်လ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကွယ်လွန်သွားကြောင်းသိရသည်။ ဆရာကြီး ဦးတင်မောင်မြင့်ကို ဧရာဝတီတိုင်း၊ ဟင်္သတခရိုင်၊ စစ်ကျွန်းရွာတွင် အဖဦးမောင်ဒွေး၊ အမိဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်မြို့၊ ရေကျော် ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် အလယ်တန်းအောင်ပြီး...

တရုတ်၏ ကမ္ဘာ့စီးပွားရေးချိတ်ဆက်မှု မဟာဗျူဟာကို ဖော်ဆောင်နေသည့် လင်းကန်အထူးဒေသသို့ မြန်မာသမ္မတ သွားရောက်လေ့လာ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ (Shanghai Lingang Special Area) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ လင်းကန်အထူးဒေသသည် တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးကို ကမ္ဘာနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ်ဖော်ဆောင်နေသည့် အရေးပါသော စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးရေးဇုန်တစ်ခုဖြစ်ပြီး ပိုမိုမြင့်မားသော တံခါးဖွင့်စီးပွားရေးစနစ်နှင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရန် ရည်မှန်းထားကြောင်းသိရသည်။ ပိုမိုနက်ရှိုင်း ကျယ်ပြန့်သော ကဏ္ဍများတွင် ဘက်စုံနှင့် အဆင့်မြင့်မားသော တံခါးဖွင့်ဝါဒ (အပြင်သို့ ပွင့်လင်းစွာ...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူညီချက် ရယူလိုကြောင်း ထရန့် ပြောကြား

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး ရုရှားကတော့ ဒုတိယနေရာမှာ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို တက်တက်ကြွကြွ တိုးမြှင့်တည်ဆောက်နေပြီး နောက် ၅ နှစ်အတွင်းမှာ သူတို့ (အမေရိကန်နဲ့ ရုရှား) ကို ရင်ပေါင်တန်းနိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ထရန့်က အခုလို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071