Tuesday, September 1, 2026

ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာအမျိုးသမီးအတွက်...

​ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံသားတစ်ဦးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၂ သန်း (၂,၀၀၀,၀၀၀/- ဘတ်) ကို သမီးဖြစ်သူထံသို့...

အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ...

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည့်  လီယွန်နယ် မက်ဆီ (Lionel Messi) သည် အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းမှ တရားဝင် အနားယူပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာက...

ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့်...

ပြင်ဦးလွင်၊ သြဂုတ် ၃၁မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စနေနေ့မှစတင်ကာ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်...

သံလွင်မြစ်ရေ ဘားအံမြို့၏စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန်အသိပေး

ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေသည် ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် ဘားအံမြို့၏စိုးရိမ်ရေမှတ်အ ထက်(၈၇)စင်တီမီတာကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။ ဘားအံမြို့၏စိုးရိမ်ရေမှတ်မှာ (၇၅၀)စင်တာမီတာဖြစ်ပြီး လက်ရှိအချိန်၌ (၈၃၇)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီးအနိမ့်ပိုင်းနေရာများတွင်...
HomeInternationalAI ခေတ်နှင့် ကိုက်ညီစေရန်...

AI ခေတ်နှင့် ကိုက်ညီစေရန် တရုတ်တက္ကသိုလ်များက ခေတ်မမီသော ဘွဲ့ဒီဂရီအစီအစဉ် ၁၂,၀၀၀ ကျော် ပြုပြင်ပြောင်းလဲ

တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) နှင့် အနာဂတ်နည်းပညာကဏ္ဍများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အဆင့်မြင့်ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ခေတ်မမီတော့သည့် ဘွဲ့ဒီဂရီအစီအစဉ်များကို လျှော့ချကာ နည်းပညာအခြေပြု ဘာသာရပ်အသစ်များကို တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

တရုတ်ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ ရှင်းဟွာသတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တရုတ်တက္ကသိုလ်များသည် ဘွဲ့ကြိုနှင့် ဘွဲ့လွန်အစီအစဉ် ၁၂,၂၀၀ ခုကို ဆိုင်းငံ့ထားပြီး ဘွဲ့ဒီဂရီအစီအစဉ် ၁၀,၂၀၀ ခုကို ဖျက်သိမ်းခဲ့ရာ တက္ကသိုလ်ဘာသာရပ်များ၏ ၃၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲမှုများတွင် အနုပညာ၊ ယဉ်ကျေးမှု၊ လူမှုသိပ္ပံ၊ နိုင်ငံခြားဘာသာစကားနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ဘာသာရပ်များကို အဓိကလျှော့ချခဲ့ပြီး AI နည်းပညာကြောင့် အလုပ်အကိုင်ဈေးကွက် အလျင်အမြန်ပြောင်းလဲလာမှုနှင့် လူငယ်အလုပ်လက်မဲ့နှုန်း မြင့်တက်နေမှုတို့ကို ထည့်သွင်းစဉ်းစား၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ဖက်တွင်လည်း AI၊ ဉာဏ်ရည်မြင့်စက်ရုပ်စနစ်၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် အနာဂတ်စက်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဘာသာရပ်အသစ်များကို တိုးချဲ့ဖွင့်လှစ်လျက်ရှိပြီး တက္ကသိုလ်ကိုးခုတွင် AI နည်းပညာကို စက်မှုကဏ္ဍများ၌ ပေါင်းစပ်အသုံးချနိုင်ရေးအတွက် သီးသန့်အထူးပြုဘာသာရပ်များကို စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဘွဲ့ရဦးရေ စံချိန်တင်မြင့်တက်လာမှုနှင့်အတူ အလုပ်အကိုင်ဈေးကွက်၏ လိုအပ်ချက်များ လျင်မြန်စွာ ပြောင်းလဲလာခြင်းကြောင့် တက္ကသိုလ်များအနေဖြင့် သင်ရိုးညွှန်းတမ်းများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာတိုးတက်မှုတို့နှင့် ကိုက်ညီစေရန် ပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။

Ref: South China Morning Post

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာအမျိုးသမီးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် (၂) သန်းအား မိသားစုထံ လွှဲပြောင်းပေးအပ်​ဗန်ကောက်၊ဩဂုတ်-၃၁

​ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံသားတစ်ဦးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၂ သန်း (၂,၀၀၀,၀၀၀/- ဘတ်) ကို သမီးဖြစ်သူထံသို့ အလုပ်သမားသံအရာရှိရုံးမှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ​ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေသူ အသက် ၄၂ နှစ်အရွယ် ဒေါ်ဥမ္မာလွင်သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်းက နခွန်ပထုံမြို့နယ်၊ ညဈေးမီးပွိုင့်အနီး၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ​အဆိုပါဖြစ်စဉ်အတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီထံမှ ရသင့်ရထိုက်သော အာမခံကြေးငွေများ ပြန်လည်ထုတ်ယူနိုင်ရေး အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။အဆိုပါ...

အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ တရားဝင်အနားယူ 

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည့်  လီယွန်နယ် မက်ဆီ (Lionel Messi) သည် အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းမှ တရားဝင် အနားယူပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာက ယနေ့ ဩဂုတ် ၃၁ ရက်နေ့တွင် အသိပေးကြေညာခဲ့သည်။ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် ပြီးခဲ့သည့် ဇူလိုင်လက ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းကို ၁ ဂိုး ၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၆ ပတ်အကြာတွင် အခုကဲ့သို့ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း...

ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည်

ပြင်ဦးလွင်၊ သြဂုတ် ၃၁မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စနေနေ့မှစတင်ကာ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော်ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။ ယနေ့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071