Monday, June 16, 2025

အဲရ်အိန္ဒိယလေယာဉ်နည်းပညာပြသနာ‌ကြောင့်ဟောင်ကောင်ပြန်လှည့်ရ

တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ...

လေဖိအားနည်း ရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင်...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့...

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု...

မြန်မာ့လယ်ယာနည်းပညာကုန်စည်ပြပွဲရန်ကုန်တွင် ကျင်းပမည်

ရန်ကုန်၊ ဇွန် ၁၅ မြန်မာ့စိုက်ပျိုးရေးကုန်စည်ပြပွဲ Agri-Tech Myanmar 2025 ကို ဇွန်လ ၂၇ ရက် နေ့မှ ၂၉ ရက်...
HomeCelebrities' NewsAge of Rangoon...

Age of Rangoon Show ပွဲအတွက် ကိုဖော်ကာကြီးကို မျက်လုံးထဲ ပြေးမြင်မိသွားတဲ့ သာဒီးလူ

ခရစ္စမတ်နေ့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်မယ့် Age of Rock Show ပွဲအတွက် Wanted Band ကို အတူတူ ဖျော်ဖြေဖို့မြင်မိ တဲ့အတွက် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း သာဒီးလူက ပြောပါတယ်။ ရွှေဘိုပွဲ မှာ The Key,Cicada,Horizon Band 3 Band ဖျော်ဖြေမှုက အောင်မြင် ခဲ့တဲ့အတွက် စီစဉ်တဲ့ Horus ကနေ ရန်ကုန်မှာ တစ်ပွဲစီစဉ်ဖြစ်တာဖြစ်ကြောင်း လည်း သိရပါတယ်။

”ကျွန်တော်တို့ အားနဲ့တော့မရဘူး။ ဒီဘက်မှာ ကျွန်တော်တို့ရဲ့ Senior Band တစ်ခုခုကိုတော့ ချဉ်းကပ်မှရမယ်။ သူ့ရဲ့ အားနဲ့လည်း ကျွန်တော်တို့က အကူအညီတောင်း မှရမယ်။ အားကိုးတာပေါ့နော်။ အဲဒီအချိန်မှာ ကျွန်တော် တို့တွေ ရွေးရင်း၊ ရွေးရင်းနဲ့မှ ကိုဖော်ကာကြီးကို မျက်လုံးထဲပြေးမြင်တယ်။ ဒီလူဆိုလို့ရှိရင်တော့ ကျွန်တော်တို့ရဲ့ ဖျော်ဖြေမှု အတိုင်းအတာတစ်ခုအနေနဲ့ ရော၊ ပေါင်းစည်းမှုတစ်ခုအနေနဲ့ရော အဆင်ပြေနိုင်ကောင်းရဲ့ ဆိုပြီးတော့ခေါ် ဖြစ်တယ်” လို့ သာဒီးလူက ပြောပါတယ်။

လက်ရှိခေတ်အနေအထားအရ လက်မှတ်ရောင်းချပြီး ကျင်းပတဲ့ရှိုးပွဲ ထက် ကြော်ငြာပွဲတွေ၊ ကုမ္ပဏီပွဲတွေများလာပြီလို့ဆိုတဲ့ သာဒီးလူက-

”ပြောရမယ်ဆိုရင်တော့ ဒီအချိန်မှာ လက်မှတ်ပွဲတွေက တအားရှားလာပြီ။ လက်မှတ်ပွဲတစ်ပွဲလုပ် မယ်ဆိုရင် Commercial ဖြစ်ပြီးသား၊ နာမည်ရှိပြီးသား လူကတော့ ပွဲလုပ်မယ်ဟေ့ဆိုလို့ရှိရင် တန်းပြီးတော့ ပြည့်တာပေါ့လေ။ ကျွန်တော်တို့ ဒီဘက်မှာ ကျွန်တော်တို့ပုံစံတွေနဲ့ လုပ်တဲ့ဟာကိုလာပြီးတော့ ကြည့်ဖို့ ဆိုတာကတော့ တော်ရုံတန်ရုံအသစ် တန်းတစ်ယောက်အနေနဲ့ကတော့ မဖြစ်နိုင်ဘူး။ အဓိကကတော့ ကျွန်တော်တို့ဆိုချင်လို့ ကျွန်တော်တို့ ကိုယ်တိုင် လုပ်တဲ့ပွဲလို့ ပြောရင်လည်းရပါတယ်။ အဲဒီအတွက်ကြောင့် ဒီပွဲမှာ အားလုံး ပေါင်းပင်တိုင် Band က 4 Band ပေါ့နော်။ Horizon ရယ်၊Wanted ရယ်၊Cicada ရယ်၊The Key ရယ်ပေါ့။ အဲဒီ 4 Band ရဲ့ရှေ့မှာလည်း Judge Band တွေကိုလည်း ဖိတ်ခေါ်ထား တယ်။Velocity ပါတယ်။ Strike ပါတယ်။ Iota ပါတယ်။ Eternal Gosh ပါတယ်။ သူတို့ တွေကလည်းပါဝင်ပြီးတော့ ကျွန်တော်တို့ကို အစ်ကိုကြီးတို့ လုပ်ပါ။ ကျွန်တော် တို့ ကူညီပါ့မယ်။ ကျွန် တော်တို့တွေပေါင်းစည်းပြီးလုပ်ကြတာပေါ့ ဆိုတော့ ကျွန်တော်တို့ကလည်း အိုကေ ၊ ပေါင်းစည်းပြီးလုပ်ကြတာပေါ့ ဆိုပြီးတော့ လုပ်ဖြစ်တဲ့ပွဲပါ”လို့ သာဒီလူးက ဆိုပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071