ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄
အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား အုပ်စု ဃ မှာ တောင်ကိုရီးယားက ဆီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဟီဆာတစုဂု အီရှီ က ၁၄ မိနစ်မှာ ဂျပန်အတွက် ပထမဂိုးကိုသွင်းယူပြီး၊ ရီယွန်း အစ်ချီဟာရာ သည် ၃၃ မိနစ်တွင် ပင်နယ်တီ မှ တစ်ဆင့် ဒုတိယ ဂိုးကို သွင်း ခဲ့သည်။ ပွဲချိန် ၆၉ မိနစ်မှာတော့ ရယူနိုစုကယ် ဆာတို က နောက်ထပ် ဂိုးသွင်းလိုက်လို့ ဂျပန် က ၃-၀ နဲ့ လွတ်လွတ်ကျွတ်ကျွတ် နိုင်ခဲ့ပါသည်။
တောင်ကိုရီးယားဟာ ဆောင်းရှင်နဲ့ ဘေမင်ဂျူတို့က ၈ မိနစ်နှင့် ၂၃ မိနစ်တွေမှာ အသီးသီး ဂိုး တွေ သွင်း ခဲ့ကြ လို့ စောစောစီးစီး ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ပွဲချိန် မိနစ် ၆၀ မှာ ဆီးရီးယား က အလန် အက်ဒီ က အဝေးက ကန်သွင်း ခဲ့ တာ ကြောင့် ချေပဂိုး တစ်ဂိုး ပြန် သွင်း နိုင် ခဲ့ ပေမယ့် နောက်ထပ် ချေပ ဂိုး မသွင်း နိုင်ခဲ့ လို့ ကပ်ရှုံးသွားခဲ့ပါတယ်။
အာရှဖလားအဖွင့်ပွဲစဉ်မှာ တော့ ကာတာကို ၂-၁ ဖြင့် အနိုင်ယူထားတဲ့ အိမ်ရှင် တရုတ်အသင်းက စနေနေ့ မှာ ဒုတိယ ပွဲစဉ်အနေနဲ့ ကာဂျစ္စတန်အသင်းနှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ တခြားအုပ်စု က ပွဲစဉ်မှာတော့ သြစတြေးလျ အသင်းက ကာတာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
Ref: ရှင်းဟွာ