Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeNewsLocal Newsလူအများစုလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများကိုအားပေးဆောင်ရွက်မှသာ နိုင်ငံ့စီးပွားရေး...

လူအများစုလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများကိုအားပေးဆောင်ရွက်မှသာ နိုင်ငံ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မည်ဖြစ်၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေ

ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ဟုမ္မလင်းခရိုင်ရှိ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊မြို့မိ၊မြို့ဖများ၊အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေသဖွံဖြိုးရေးနှင့်ပတ်သက်၍ ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဟုမ္မလင်းဒေသသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် အခြေအနေများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်၍ ဒေသတွင်းဖြစ်ထွန်းသည့် လက် ဖက်၊ရာဘာစိုက်ပျိုးခြင်းများကို အားပေးဆောင် ရွက်ကြရမည်ဟု ဆိုသည်။

ဒေသတွင်း၌ မြေပဲ၊နှမ်း၊ဆီမုန်ညှင်းတို့စိုက်ပျိုးကာ ဝါးသယံဇာတ၊ကြိမ်၊ရွှေ၊သဘာဝသယံဇာတအရင်းအမြစ်များ၊ရေနံနှင့်သဘာဝဓာတ်ငွေ့များလည်းထွက်ရှိ၍ ဒေသဖွံ့ဖြိုးရေးအတွက် အဓိက လိုအပ်သည့် လျှပ်စစ်စွမ်းအားရရှိရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ​ကြောင်း​ပြောသည်။

“လူအများစုလုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးဆောင်ရွက်မှသာ နိုင်ငံ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ MSME လုပ်ငန်းတွေကို အားပေးဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် MSME လုပ်ငန်းများအား အားပေးဆောင် ရွက်နေခြင်းမှာ တိုင်းပြည်၏စီးပွားရေးမြှင့်တင်ရန်၊ပြည်ပသွင်းကုန်များအစားထိုးနိုင်ရန်နှင့်ပြည် ပသို့ ပြည်တွင်းထုတ်ကုန်များတင်ပို့နိုင်ရန် ရည် ရွယ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဟု ရှင်းပြသည်။

ဟုမ္မလင်းဒေသတွင် ဒေသတွင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဆောင်ရွက်ရမည်ဖြစ်ကာ တစ်ဧကအထွက်နှုန်းတိုးတက်အောင်ဆောင် ရွက်နိုင်ပါက ဒေသတွင်းရှိပြည်သူများ၏ ဝင်ငွေများစွာတိုးတက်လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝလည်း မြင့်တက်လာမည်ဟု ဆိုသည်။

ဟုမ္မလင်းဒေသ၌ အရည်အသွေးကောင်းမွန်သည့် ဆန်နှင့်အခြားစိုက်ပျိုးရေးထုတ်ကုန်များထွက်ရှိ၍ ဒေသတွင်းစိုက်ပျိုးရေးထုတ်ကုန်များကို အ ခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား အောင်မြင်အောင်ဆောင်ရွက်နိုင်ပါက ဒေသဖွံ့ ဖြိုးတိုးတက်မှုကို များစွာအကျိုးပြုမည်ဟု ဆို သည်။

“စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ သုံးရေရရှိရေးကို ချင်းတွင်းမြစ်ကနေ မြစ်ရေတင်လုပ်ငန်းတွေနဲ့ ဆောင်ရွက်လို့ရနိုင်မှာဖြစ်ပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့အတူ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား အောင်မြင်စွာဆောင် ရွက်နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ပတ်သက်သည့် အသိပညာရှင်၊အတတ်ပညာရှင် လူ့စွမ်း အားအရင်းအမြစ်ကောင်းများရရှိရန် နိုင်ငံနှင့်အဝန်း၌ စိုက်ပျိုးမွေးမြူရေး၊အထက်တန်းကျောင်းများနှင့်သိပ္ပံများ ဖွင့်လှစ်၍ အားပေးဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“မိမိတို့အနေနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အဓိကထားအားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071