Wednesday, May 28, 2025

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက်...

ကင်ညာ နိုင်ငံသား (၇)ဦးအား ထိုင်းနိုင်ငံအခြေစိုက်...

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းလိ-မ်လ-ည်မှုလုပ်ငန်းများမှ ထိန်းသိမ်းထားသည့် ကင်ညာနိုင်ငံသား (၇)ဦးအား ယနေ့မေလ (၂၈)ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် ကင်ညာသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...

မန္တလေးငလျင် (၂) လပြည့်နေ့တွင် မန္တလေးမြို့...

မတ်လ (၂၈) ရက်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေးနှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုမှာ ယနေ့ မေလ (၂၈) ရက်တွင် (၂)...

နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့်...

အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှု မြှင့်တင်ရေး ညီလာခံသို့ ကူမင်းမြို့ရှိ...
HomeNewsLocal Newsဘုန်းကြီးကျောင်းသို့ ရေလှူရန်ရေကားမောင်း သွားလာသည့်...

ဘုန်းကြီးကျောင်းသို့ ရေလှူရန်ရေကားမောင်း သွားလာသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ တောင်ပေါ်ဘုန်တော်ကြီးကျောင်းသို့ ရေလှူရန် လာရောက်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားသည့် ဖြစ်စဉ် ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျုံဒိုးမြို့ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်သည် “ထာဝရ” ရေအလှူတော်ယာဉ်အား မောင်းနှင်ကာ အမှတ်(၄) ရပ်ကွက် တော်ပေါ်ကျောင်းသို့ ရေလှူရန် သွားရောက်စဉ် အဆိုပါ ကျောင်းမုဒ်ဦးရှေ့အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ယင်းနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ကျုံဒိုးမြို့၊အမှတ်(၂)ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်(၆၄)နှစ်သည် “ထာဝရ”ရေအလှူတော်ကားဖြင့် အမှတ်(၃)ရပ်ကွက် ရေတွင်းမှရေစုတ်ယူ၍ အမှတ်(၄)ရပ်ကွက်ရှိ တောင်ပေါ်ကျောင်းသို့ ရေလှူဒါန်းရန်မောင်းနှင်လာခဲ့သည်။

ထိုသို့ မောင်းနှင်လာစဥ် ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၁ ဦးက ရေလှူကားနောက်မှမောင်းနှင်လိုက်ပါလာပြီးနောက် တောင်ပေါ်ဘုန်းတော်ကြီးကျောင်းမုခ်ဦးရှေ့အရောက်တွင် ဦးမြင့်အောင်အား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“သူကဘုန်းကြီးကျောင်းကို ရေလှူဖို့လာတဲ့အချိန်ဖြစ်သွားတာ ဦးမြင့်အောင်က “ထာဝရ”ရေအလှူတော်အသင်းထောင်ထားပြီး ရေလိုအပ်တဲ့နေရာတွေကို လိုက်လှူပေးတယ်”ဟု ကျုံဒိုးမြို့ခံတစ်ဦးကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်အောင်၏ ယာဘက်နားထင်၊ ရင်ဘတ်၊ ဘယ်လက်မောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြစ်မျူးကျူးလွန်သူအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက် ၅ နာရီခွဲခန့်က ထိတွေ့ပ-စ်ခ-တ်မှုဖြစ်ခဲ့ကြောင်း ဆူရန်နာရီ အထူးတပ်ဖွဲ့က သတင်းပို့ခဲ့သည်ဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်ထိုင်း ဆူဗာရီးက ပြောကြားခဲ့သည်။ အခင်းမဖြစ်ပွားမီက ကမ္ဘောဒီးယားစစ်သားများသည် ယခင်သဘောတူညီချက်ကို ချိုးဖောက်ကာ အငြင်းပွားနယ်စပ် ဧရိယာကို ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ ထိုင်းစစ်သားများက ယခင်ကအတိုင်း ၎င်းတို့ဆီ သွားရောက်ကာ အကျိုးအကြောင်းပြောဆိုရန်ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ကမ္ဘောဒီးယားစစ်သားများက နားလည်မှုလွဲခဲ့ပုံရကာ...

ကင်ညာ နိုင်ငံသား (၇)ဦးအား ထိုင်းနိုင်ငံအခြေစိုက် ကင်ညာသံရုံးသို့ လွှဲပြောင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းလိ-မ်လ-ည်မှုလုပ်ငန်းများမှ ထိန်းသိမ်းထားသည့် ကင်ညာနိုင်ငံသား (၇)ဦးအား ယနေ့မေလ (၂၈)ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် ကင်ညာသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လွှဲပြောင်းပေးအပ်မှုအား မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ ခရိုင်လဝကမှူး ဒုညွှန်မှူး ဦးကျော်ကျော်သန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးကျော်ဇင်ဦးတို့မှ ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Lindsay Kipt iness ထံသို့ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ (၂၀) ရက်‌ကလည်း ရုရှားနိုင်ငံသားတစ်ဦးအပါအဝင် နိုင်ငံခြားသား...

မန္တလေးငလျင် (၂) လပြည့်နေ့တွင် မန္တလေးမြို့ (၈၄) လမ်းပေါ်က လေးထပ်တိုက် ထပ်မံပြိုကျပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

မတ်လ (၂၈) ရက်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေးနှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုမှာ ယနေ့ မေလ (၂၈) ရက်တွင် (၂) လပြည့်ပြီးဖြစ်သည်။ ယင်းကဲ့သို့ (၂) လပြည့်သည့်နေ့၌ပင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၈၄)လမ်း၊ (၃၉)လမ်းနှင့် လမ်း (၄၀) ကြားရှိ ငလျင်ဒဏ်ထိ (၄)ထပ်တိုက်သည် ယနေ့ နံနက်ပိုင်းက ပြိုကျခဲ့ကြောင်း သိရသည်။ အဆိုပါ (၄) ထပ်တိုက်ပြိုကျမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ခြေတောက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု များနေသောကြောင့် မိုးရေကြောင့် ထပ်မံပြိုကျခြင်းဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071