အသံတွေနာနေလို့ ခဏတာ အနားယူနေရတဲ့ ဝိုင်းလေး

0
95

dsc_0247-copy

‘စည်းကမ်း’လို့ အမည်ပေးထားတဲ့ တေးသီချင်းကိုMyanmar  Music Store ကနေ့ဖြန့်မယ့်အကြောင်း စာနယ်ဇင်းမိတ်ဆက် ပွဲမှာ ‘စည်းကမ်း’သီချင်းကိုသီဆိုသူ အဆိုတော်ဝိုင်းလေးနဲ့ တွေ့ဖြစ် ခဲ့ပါတယ်။ ဝိုင်းလေးသရုပ်ဆောင်ထားတဲ့ ‘ပို၍လှသော မနက်ဖြန်’ရုပ်သံဇာတ်လမ်းတွဲ လွှင့်နေပြီနော် လို့ဆိုတဲ့အခါ..

“လွှင့်တဲ့နေ့ကတော့ မကြည့်လိုက်ရဘူး။ စစချင်း အသစ်တစ် ယောက် အနေနဲ့တော့ အဆင်ပြေ တယ်လို့တော့ ပြောကြပါတယ်။  ပထမဆုံး ဒိုင်ယာလော့ခ်ပြော တဲ့ ဇာတ်ကားလည်းဟုတ်ပါတယ်။ ညီမအတွက်ကတော့ လုံးဝဟဲဗီးကြီးလို့ ခံစားရတယ်။ နောက် ပိုင်းကတော့ ရုပ်ရှင်ရိုက်ကူးဖို့ကို ကမ်းလှမ်းထားတာေ လး   တွေတော့ ရှိပါတယ်။ ဒါပေမဲ့ ညီမလောလောဆယ် တော့ ငြင်းထားတယ်။ ကိုယ်က မပိုင်နိုင်သေးတဲ့ အတွက် ဂီတပိုင်းမှာပဲ အရင်ဆုံး ကြိုးစားဦးမယ်” လို့ သူမကပြော ပါတယ်။ Selfie  စီးရီးခွေပြီးတဲ့ နောက် ဒုတိယစီးရီးခွေအတွက်လည်း ကြိုး စားဖြစ်နေတယ်လို့ ဝိုင်းလေးက ဆိုပါ တယ်။ သူမကိုကြည့်ရ တာနေမ ကောင်းဖြစ်နေတဲ့ပုံစံနဲ့ အသံဝင်နေ တာလည်း တွေ့ရတော့ အဲဒီ အကြောင်းကို မေးဖြစ်တဲ့အခါ..

“ပွဲက တောက်လျှောက် Run လိုက် ရတယ်။ အိပ်ရေးတွေလည်း ပျက်တယ်။ အအေးပတ်သွားတာ ဆိုတော့ အသံတွေ တအားနာသွားတယ်။ ကိုယ့်ကိုယ်ကိုယ် မညှာလိုက်တော့ အခုတစ်ပတ်လောက်တော့ နားရမယ်။ ဆရာဝန်နဲ့လည်း တောက်လျှောက်ပြ နေရတယ်။ ၁၂ရက်နေ့ကျမှ အလုပ်ပြန်စလုပ်ဖြစ် မယ်။ ဒါတောင် ကောင်းလား၊ မကောင်းလား မသိသေးဘူး။ ညီမတောင်ငူနှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်မှာ အရင်စဆိုမယ်” လို့ လည်ချောင်းနာနာနဲ့ ဝိုင်းလေးက ပြော ရှာပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ဝိုင်း လေးတို့ Mis Myanmar Charity Group က ကထိန်အလှူမှာ ဝိုင်းလေး ပါဝင်ကု သိုလ်ယူဖြစ်ခဲ့ပါသေးတယ်။

    မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here