တတိယစီးရီးက အလွန်ဆုံးဇန်နဝါရီပါပဲ ဖြိုးလေး Snare

0
107

phyo-lay

ဟစ်ဟော့ပ်အဆိုတော် ဖြိုးလေးနဲ့ အင်တာဗျူးဖြစ်တဲ့အခါ သူတို့ Snare အဖွဲ့ရဲ့ အခွေသစ်လည်း ထွက်လာမယ်၊ ထွက်လာမယ်နဲ့ အချိန်တော်တော် ကြာနေတာကြောင့် ဘာတွေအလုပ်ရှုပ်နေတာလဲ ဆိုတာမေးဖြစ်ခဲ့ပါ တယ်။ နေဝင်းကလည်းကျန်းမာ ရေးမကောင်း၊ သူလည်းကျန်းမာရေးမကောင်းနဲ့ ဖက်ရှင်ဆိုင် တွေကလည်းတစ်ဖက်နဲ့ ဆိုတော့ သီချင်းဘက်မှာ နှောင့်နှေးနေတယ်လို့ ဆိုတဲ့ ဖြိုးလေးက…

” သီချင်းသစ်တွေ ထွက်ရှိလာတာက လျော့နည်းနေတယ်။ အဲဒီအတွက်လည်းကျွန်တော်တို့ တောင်းပန်ပါတယ်။ ရှိုးပွဲတွေဆိုလိုက်၊ ခရီးတွေ ထွက်သွားလိုက်နဲ့ စီးပွားရေးကလည်း တစ်ဖက် ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့စီးရီးက ကြန့်ကြာနေတာပါ။ အမှန်က ၁၁ လပိုင်း ဒီလထွက်ချင်တာ။ သီချင်းအသစ် စက်စက်တွေချည်းပဲလုပ်မှာ။ ၄ပုဒ် လောက်ပဲကျန်တော့တယ်။ အဲဒါပြီးတာနဲ့တန်းထွက်မှာ။ ကျွန်တော်တို့လည်း စီးရီးခွေမထွက်တာကြာခဲ့ပြီဆိုတော့ Snare Live Show အခွေကိုထားပြီး တော့ တတိယအခွေကိုတန်းထွက်မှာ။ ကျွန်တော်တို့ အလွန်ဆုံး ၂ဝ၁၇ ဇန်နဝါရီလပါပဲ” လို့ပြောပြပါတယ်။

အခုလတ်တလောမှာတော့ ဖြိုးလေးရဲ့ Genius ဆိုင်ကအသစ်ထုတ်တဲ့ Cloud 9 ဖိနပ်က အနုပညာရှင်တွေကြားမှာရော၊ ပရိသတ်တွေကြားမှာ ပါပေါက်တဲ့ Brand တစ်ခုဖြစ်နေပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်လို့ အရူးအမူးဖြစ်တဲ့ ဖြိုးလေးက အခုဆို ရန်ကုန် နဲ့မန္တလေးမှာ ဖက်ရှင်ဆိုင်စုစုပေါင်း ၄ဆိုင် အထိဖွင့်လှစ်နိုင်ခဲ့ပြီး အောင်မြင် တယ်လို့ပြော ရမှာပါ။ အခုလက်ရှိ ပေါက်နေတဲ့ သူ့ရဲ့Cloud 9 ဖိနပ်နဲ့ ပတ်သက်ပြီးလည်း ဖြိုးလေးက…

” ဖိနပ်ကလုပ်ရတာ ခက်လည်းခက်တယ်။ ပြီးရင် Order ကလုပ်မယ်ဆိုလို့ရှိရင်အများကြီးလုပ်ရတယ်။ ကျွန်တော်ကအစောကြီး ကတည်းက လုပ်ချင်တာ။ အဲဒါကိုအချိန်ပေးပြီးတော့ အဆင်ပြေအောင် ကိုယ့်ကိုလုပ် ပေးနိုင်မယ့် စက်ရုံကို ရှာရတယ်။ နောက်ပြီးရင် Order အပ်ပေါ့။ အလုပ်တအားရှုပ်တယ်။ မှားတာတွေလည်းရှိတယ်။ ပထမဆုံးအကြိမ်မှာ ဒီလိုမျိုးကြိုက်ကြတယ်ဆိုတော့ ကျွန်တော်လည်း လုပ်ရကျိုးနပ်တာပေါ့။ ဖိနပ်ကစရိတ်စကလည်း ပိုများတယ်။ Size တွေကလည်း ပိုများတယ်။ အဲဒါကို ဒီလိုမျိုးအားပေးကြတဲ့အတွက် အဆင်ပြေပါတယ်။ လုပ်ရကျိုး လည်းနပ်ပါ တယ်” လို့ ဖြိုးလေးက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here