ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် Mobile Team ဖြင့်ဆောင်ရွက်ပေးသွားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့မှ သိရသည်။
မြန်မာသံရုံးသို့ ထပ်မံရောက်ရှိလာသည့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသည့် Mobile စက် ၂ စုံဖြင့် ပြုလုပ်ရန်ကျန်ရှိသော အင်အား ၁၀၀၀ ဦးနှင့်အထက်ရှိသည့် စက်ရုံများသို့ Mobile Taem ၂ ဖွဲ့ခွဲကာ အလှည့်ကျဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် စက်ရုံ၊အလုပ်ရုံများအနေဖြင့် ဇန်နဝါရီ ၂၀ ရက်နောက်ဆုံးထား၍ ၂၀၂၂ / ၂၀၂၃ ခုနှစ် ၌ကုန်ဆုံးမည့် လုပ်သားများစာရင်းကို သတ်မှတ်ပုံစံအတိုင်းပြုစုကာ ကောင်စစ်တာဝန်ခံအရာရှိ ဒေါ်ခင်မာလာဝင်းထံပေးပို့ရမည်ဖြစ်သည်။
အလုပ်သမားများစာရင်းအားတင်ပြလာသည့် စက်ရုံ၊အလုပ်ရုံများမှတာဝန်ရှိသူများအား ဇန်နဝါ ရီ ၂၃ ရက်တွင် မြန်မာသံရုံး၊ဗန်ကောက်မြို့၌ တွေ့ဆုံ၍ အလှည့်စနစ်အားမဲနှိုက်ကာ ရက်သတ်မှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် ပြုလုပ်ရန်ကျန်ရှိသည့် ၁၀၀၀ ဉီးအောက် စက်ရုံ၊အလုပ်ရုံများကိုလည်း မြန်မာသံရုံး၊ဗန်ကောက်မြို့တွင် အလှည့်ကျခေါ်ယူဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့သည် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို စက် ၄ စုံ၊ကောင်စစ်ဝန်ချုပ်ရုံး၊ချင်းမိုင်မြို့တွင် စက် ၁ စုံဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။