တစ်ကိုယ်တော် ဖျော်ဖြေပွဲစီစဉ်မယ့် ဂရေဟမ်

0
643

gayay-han-copy

သမီးဖြစ်သူ ပန်းရောင်ခြယ်နဲ့အတူ  ‘Wake Up’ စီးရီးခွေကို ဒီဗီဒီထွက်ဖို့ အကောင်းဆုံးပြင်ဆင်နေပြီဖြစ်ကြောင်း၊ ပရိသတ်အား ပေးမှုရရှိခဲ့တဲ့စီးရီးခွေကို အကောင်းဆုံးကြိုးစားနေကြောင်း  အဆိုတော် ဂရေဟမ်က ပြောပါတယ်။

“အခု သမီးနဲ့အတူ ဒီဗီဒီကို အကောင်းဆုံးလုပ်ပြီး ပရိသတ်ကို ပေးချင်တယ်။ ဒီဗီဒီခွေကို နိုဝင်ဘာလမှာထွက်ရှိဖြစ်မှာပါ။ သီချင်း က ၁၄ ပုဒ်ပါဝင်ပါတယ်။ အနု ပညာရှင် များစွာလည်း ဒီဗီဒီ အခွေထဲမှာ ပါဝင်ရိုက်ကူးပေးထားတယ်။ သီချင်းက ပေါ့ပ် အမျိုးအစား တွေပါပဲ။ ဒီစီးရီခွေက သမီးနဲ့အတွဲခွေလုပ်တာ ပထမဆုံး စီးရီးခွေပါ။ အခုအချိန်မှာ စီဒီခွေမှာလည်း အားပေး မှုတွေရရှိခဲ့ပါတယ်”လို့ ဂရေဟမ်က ပြောပြပါတယ်။ ခေတ်ကာ လအရ အဆိုပြိုင်ပွဲတွေများလာပြီး လူငယ် အဆိုရှင်တွေပေါ် ထွက်လာတဲ့အပေါ် ဂရေဟမ်ရဲ့အမြင်က..

“အခုအချိန်မှာ အဆိုပြိုင်ပွဲတွေက တအားများနေပြီ။ သီချင်း ဆိုချင်တဲ့ လူတွေလည်း များပါတယ်။ အခွင့်အရေးရသွားတဲ့လူတွေလည်း များပါတယ်။ ဒီဘက်ခေတ် မှာ လူငယ်တွေအတွက် အခွင့်အရေး တကယ်ကိုကောင်းလာပါပြီ။ အဲဒီ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ရင်တော့ ကောင်းပါတယ်။ ကောင်းတဲ့ အလား အလာလို့ပဲ ပြောရမှာပါ” လို့ ပြောပါတယ်။

အခုလတ်တလောမှာ ဂရေဟမ်က ရှိုးတွေသွားဖြစ်နေပြီး တစ်ကိုယ်တော် ရှိုးလုပ်ဖို့လည်း စိတ်ကူးထားကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here