ထိုင်းတွင် ခရီးသွားလုပ်ငန်းဝန်ထမ်းများအား Booster ထိုးနှံရန်တိုက်တွန်းထား

0
701

တရုတ်နိုင်ငံမှခရီးသွားများ ဝင်ရောက်လာမည် ဖြစ်၍ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ခရီးသွားလုပ်ငန်းဝန်ထမ်းများအား Booster ထိုးထားရန် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က တိုက်တွန်းထားကြောင်းသိရသည်။

ခရီးသွားလုပ်ငန်းဝန်ထမ်းများ အထူးသဖြင့် ဧည့်သည်များနှင့်အနီးကပ်ထိတွေ့ဆက်ဆံရသည့် ဧည့်ကြိုဝန်ထမ်းများ၊ယာဉ်မောင်းနှင့် ဧည့်လမ်းညွှန်ကဲ့သို့သော ဝန်ထမ်းများအနေဖြင့် ပို၍ပင် ထိုးသင့်ကြောင်းကိုလည်းပြောကြားထားသည်။

ဟိုတယ်များ၊စားသောက်ဆိုင်များနှင့် ခရီးသွားလုပ်ငန်းပိုင်ရှင်များသည် ဘေးကင်းရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုစံနှုန်းများကို တင်းတင်းကျပ်ကျပ် လိုက်နာရမည်ဖြစ်ကြောင်းလည်းဆိုထားသည်။

တရုတ်နိုင်ငံက နယ်စပ်များ ကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် ယခုနှစ်ပထမသုံးလပတ်တွင် တရုတ်နိုင်ငံမှ ခရီးသွား ၃၀၀,၀၀၀ ခန့် လာရောက်ရန် မျှော်လင့်ရကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ကူးစက်ရောဂါဆိုင်ရာ နိုင်ငံတော်ကော်မတီက လက်ရှိတွင် ထိန်းချုပ်နိုင်ဆဲအခြေနေဖြစ်သဖြင့် တရုတ်နိုင်ငံသားများအနေဖြင့် လေဆိပ်၌ ဆိုက်ရောက်စစ်ဆေးမှုပြုလုပ်ရန်မလိုအပ်ကြောင်းပြောကြားထားသည်။

သို့သော် တရုတ်နိုင်ငံမှရောက်ရှိလာသော ခရီးသွားဧည့်သည်များသည် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့်လက်မှတ်နှင့် ကျန်းမာရေးအာမခံ အထောက်အထားတို့ကို ပြသရန် ကိုမူ လိုအပ်သည်ဟု ကော်မတီကပြောကြားခဲ့သည်။

Source : Bangkok Post


LEAVE A REPLY

Please enter your comment!
Please enter your name here