Sunday, May 25, 2025

လွှတ်တော်အဆောက်အဦများပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့်...

မြန်မာ့အရေးအမြဲတမ်းအထူးကိုယ်စားလှယ်ခန့်ရန်အာဆီယံစဉ်းစားမည်

အကျပ်အတည်းကာလအတွင်း မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန်အတွက် အမြဲတမ်း အထူးကိုယ်စားလှယ် ခန့်အပ်သွားရေးကို စဉ်းစားရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူလိုက်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မနက်ဖြန်(မေလ ၂၆)...

လုပ်ငန်းများအပေါ် ပြန်လည်အာရုံစိုက်တော့မည်ဟု အီလွန်မတ်စ်ဆို

လူမှုကွန်ရက် X အကြီးအကျယ် ရပ်ဆိုင်းမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏လုပ်ငန်းများအပေါ် ပိုမိုအာရုံစိုက်ရန် စီစဉ်နေကြောင်း အီလွန် မတ်စ်ကပြောကြားခဲ့သည်။ "တစ်ပတ်ကို ၂၄ နာရီလုံး အလုပ်လုပ်ပြီး...

နယ်စပ်ဖြတ်ကျော်ဆက်သွယ်‌ဆက်ဆံရေးတိုးမြှင့်ရန် ထိုင်းနှင့်လာအို သဘောတူ

         ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အထူးသဖြင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦးနှင့်ထောက်ပံ့ဖြည့်တင်းရေးတို့တွင် နှစ်နိုင်ငံ ချိဆက်သွယ်မှု အားကောင်းစေရန် ရည်ရွယ်သည့် မဟာစီမံကိန်းသစ်တစ်ခုမှ တဆင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု...
HomeNewsLocal Newsပြည် - တောင်ကုတ်ကားလမ်းတွင်...

ပြည် – တောင်ကုတ်ကားလမ်းတွင် (၆) ဘီးကား နှစ်စီးမှောက်၍ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ပြည် – တောင်ကုတ်ကားလမ်းမပေါ် တွင် ယမန်နေ့ (ဒီဇင်ဘာ ၂၀ ရက်) က (၆) ဘီးကား နှစ်စီးမှောက်၍ တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး – အနောက်ပိုင်း (ပန်းတောင်းမြို့နယ်)ဥသျှစ်ပင်မြို့ အကျော် (ရခိုင်ရိုးပေါ်) ဆင်လံရွာအနီး တောင်တက်လမ်း ဒုတိယထပ်အကွေ့တွင် (၆)ဘီး ကားနှစ်စီး မှောက်၍ ပထမဆုံးထပ်(အဆင်း) အကွေ့မှ ဒုတိယထပ် အကွေ့သို့ နှစ်စီးလုံး ပြုတ်ကျ၍ တစ်စီး​အပေါ် တစ်စီးပိခဲ့သည်။

ထိုသို့ဖြစ်စဉ်ကြောင့် အမျိုးသားနှစ်ဦး မစိုးရိမ်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသား (၁)ဦးသည် ယာဉ်အောက်တွင် ပိမိခဲ့သည့်အတွက်ပရဟိတပါရမီ (ပြည်)၊ ဂရုဏာသိဒိ လူမှုကူညီရေးအသင်း နယ်မြေခံ အေးသုခလူမှုကူညီရေးအသင်း တို့မှ ရှာဖွေရေးလုပ်ငန်းများပြုလုပ်ခဲ့ရာ ည (၁၁) နာရီအချိန်ခန့်တွင် နံရိုးကျိုး ၊ ဦး​ခေါင်းအရေပြားလန် ၊ လက်ကျိုး ၊ နားရွက်ပြတ် အစရှိသည့် ထိခိုက်ဒဏ်ရာရ အနေအထားဖြင့်
သေဆုံးသူ အမျိုးသားရုပ်အလောင်းအား ရှာဖွေကယ်ထုတ်ပေးနိုင်ခဲ့သည်။

သက်ဆိုင်ရာနယ်မြေခံ ရဲစခန်းမှ စစ်ဆေးချက်ယူပြီးနောက် နယ်မြေခံ အေးသုခလူမှုကူညီရေးအသင်း မှ နိဗ္ဗာန်ယာဥ်ဖြင့် ဥသျှစ်ပင် ဆေးရုံ (ရင်ခွဲရုံသို့) ဆက်လက်ပို့​ဆောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွှတ်တော်အဆောက်အဦများပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့် အမှတ်(၁)ဂိတ်အဝင်ကြိုးတံတားနှင့် မုခ်ဦး၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော်အဆောက်အဦ၊ ဇဗ္ဗူသီရိခန်းမဆောင်နှင့် အမျိုးသားလွှတ်တော်အဆောက်အဦတို့ ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးမှုအား စနစ်တကျဖြင့်ဖြစ်နိုင်သမျှအမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ရန်၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားသည်။ ထို့ပြင် ရေရှည်ခိုင်ခံ့တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် နည်းပညာကျွမ်းကျင်သူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုရန်တို့ကိုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

မြန်မာ့အရေးအမြဲတမ်းအထူးကိုယ်စားလှယ်ခန့်ရန်အာဆီယံစဉ်းစားမည်

အကျပ်အတည်းကာလအတွင်း မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန်အတွက် အမြဲတမ်း အထူးကိုယ်စားလှယ် ခန့်အပ်သွားရေးကို စဉ်းစားရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူလိုက်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မနက်ဖြန်(မေလ ၂၆) ရက် နေ့တွင် ကျင်းပမည့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ မိုဟာမက် ဟာဆန်က ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ “အမြဲတမ်း သံတမန်ခန့်ထားဖို့လိုအပ်တယ်ဆိုတဲ့ အဆိုပြုချက်ကို အများစုက လက်ခံသဘောတူခဲ့ပြီး ကန့်ကွက်သူ မရှိခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။ “ကနဦးအနေနဲ့ သုံးနှစ်သက်တမ်းအတွက်ကို ကျွန်တော်တို့ မှန်းထားပါတယ်။ အဲလိုမှ...

လုပ်ငန်းများအပေါ် ပြန်လည်အာရုံစိုက်တော့မည်ဟု အီလွန်မတ်စ်ဆို

လူမှုကွန်ရက် X အကြီးအကျယ် ရပ်ဆိုင်းမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏လုပ်ငန်းများအပေါ် ပိုမိုအာရုံစိုက်ရန် စီစဉ်နေကြောင်း အီလွန် မတ်စ်ကပြောကြားခဲ့သည်။ "တစ်ပတ်ကို ၂၄ နာရီလုံး အလုပ်လုပ်ပြီး အစည်းအဝေးခန်း/ဆာဗာခန်း/စက်ရုံခန်းတွေမှာ အိပ်တာ ပြန်လုပ်ရတော့မယ်" ဟု ၎င်းက X တွင် ပို့စ်တင်ခဲ့သည်။ "ကျွန်တော် X/xAI နဲ့ Tesla (နောက်အပတ် Starship လွှတ်တင်မှုပါ) အပေါ် အထူးအာရုံစိုက်ရမယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရေးကြီးတဲ့ နည်းပညာတွေ ထွက်ပေါ်လာတော့မှာမို့ပါ။"ဟုလည်း သူကဆိုထားသည်။ "ဒီအပတ် X ရဲ့ လုပ်ငန်းလည်ပတ်မှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071