ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေစဥ် မြန်မာနိုင်ငံသူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သဖြင့် ထိုင်းဘတ်ငွေ ၃ သိန်းကျော်အား နစ်နာကြေးအဖြစ်ရရှိခဲ့

0
310

ထိုင်းနိုင်ငံရှိ သံထည်ပစ္စည်းစက်ရုံ၌ အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသူတစ်ဦးသည် စက်ချို့ ယွင်းမှုဖြစ်စဥ်ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းအ ချို့ဆုံးရှုံးသွားခဲ့သည်။

စက်ချို့ယွင်းမှုဖြစ်စဥ်သည် မတ် ၃၁ ရက်ကဖြစ် ပွားခဲ့ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် မြန်မာနိုင်ငံသူအား စက်ရုံတာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့သော်လည်း ခန္ဓာ ကိုယ်အစိတ်အပိုင်းအချို့မှာ ဆုံးရှုံးသွားခဲ့သည်။

ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရကွန်ယက်(MWRN)ထံ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ဆုံးရှုံးခဲ့၍ အခက်အခဲများဖြစ်ပေါ်နေသဖြင့်ကူညီပေးရန် လာရောက်အကူအညီတောင်းခံခဲ့သဖြင့် နစ်နာကြေးရရှိရန် MWRN မှလိုက်ပါဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာ၌ MWRN မှတာဝန်ရှိသူများက ကထုဘန် ပကမ်စံခုမ်တာဝန်ရှိသူများနှင့်ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် စက်ရုံကခန္ဓာ ကိုယ်အစိတ်အပိုင်းအချို့ ဆုံးရှုံးခဲ့ရသည့် မြန်မာ နိုင်ငံသူအား နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၃၃၉၉၃၅ သိန်းအားပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သံထည်ပစ္စည်းစက်ရုံသည် ပကမ်စံခုမ် (လူမှုဖူလုံရေးအာမခံ)မလုပ်ထားသဖြင့် နောက် ကြောင်းပြန်ရံပုံငွေထည့်ရန် တာဝန်ရှိသူများက စေခိုင်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here