မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမြို့ရှိ အမှတ်(၁)ချစ် ကြည်ရေးတံတားအား ပြန်လည်ဖွင့်လှစ်ရန်ပြင် ဆင်မှုများပြုလုပ်နေ

0
318

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊မြဝတီမြို့ရှိ မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားအား မကြာမီရက်ပိုင်းအတွင်းပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း မြဝတီမြို့ခံများထံမှ သိရသည်။

လက်ရှိအချိန်၌ ထိုင်းနိုင်ငံဘက်မှတာဝန်ရှိသူများမှ တံတားပေါ်၌သန့်ရှင်းမှုများပြုလုပ်ခြင်း၊အချို့နေရာများအား ပြန်လည်ပြင်ဆင်ခြင်း၊ဆေးသုတ်ခြင်းနှင့်မဲဆောက်မြို့ဘက်အဝင် ဌာနဆိုင်ရာအ ဆောက်အဦးများအား ပြင်ဆင်ရှင်းလင်းခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“တံတားကပိတ်ထားတာကြာပြီ အခုသန့်ရှင်းရေးတွေလုပ်နေတဲ့ပုံအရဆိုရင် ကျွန်တော်တို့ကြားထားသလို လာမယ့်နှစ်စ ၁ ရက်နေ့မှာပြန်ဖွင့်မယ်လို့တော့ထင်တယ်”ဟု မြဝတီမြို့နေ ကိုအောင်ဇင်ကပြောသည်။

မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံ တားအား ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ၂၀၁၉ ခုနှစ်မှစတင်၍ ယာယီပိတ်ထားခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ရန် နှစ်နိုင်ငံတာဝန်ရှိသူများက အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁ ရက်၌ပြန်လည်ဖွင့်လှစ်ရန် သတင်းများထွက်ပေါ်လျက်ရှိသည်။

“တံတားသန့်ရှင်းရေးလုပ်တာက နှစ်ဖက်လုံးပဲ မြဝတီဘက်မှာကော မဲဆောက်ဘက်မှာကောပဲ မဲဆောက်ဘက်ကလူကြီးတွေနဲ့မြဝတီဘက်ကလူကြီးတွေပေါင်းပြီး ဒီနေ့နှစ်ဖက်လုံးက တံတားအ ခြေအနေနဲ့အဆောက်အဦးတွေအခြေအနေကိုစစ် ဆေးနေကြတာတွေ့တယ်”ဟု ကိုအောင်ဇင်ကပြောသည်။

အမှတ်(၁)ချစ်ကြည်ရေးတံတားအား ကိုဗစ်(၁၉) ရောဂါကူးစက်ဖြစ်ပွားမှုလျော့နည်းလာခြင်း၊နှစ်နိုင်ငံကုန်သွယ်မှုများပိုမိုလွယ်ကူအဆင်ပြေချော မွေ့စေရေးနှင့်တရားဝင်နယ်စပ်ဖြတ်ကျော်ကုန် စည်ကူးသန်းရောင်းဝယ်မှုများအဆင်ပြေစေရေးတို့အတွက် ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်းလည်း မြဝတီမြို့ခံများကြား၌ ပြော ဆိုမှုများရှိနေသည်။

“တံတားဖွင့်တာတော့ကောင်းတယ် ဒါပေမယ့် အဲဒီတံတားကိုပြန်ဖွင့်မယ်ပြောတိုင်း ပေါက်ကွဲမှုဖြစ်တာ ၂ ကြိမ်ရှိနေပြီ ပြန်ဖွင့်ရင်တော့ မြဝတီမြို့ခံတွေအတွက်အဆင်ပြေတာပေါ့ဗျာ”ဟု ကိုအောင်ဇင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here