ဗြိတိန်၏ နျူကလီးယား စီမံကိန်းမှ တရုတ် ဖယ်ရှားခံရ

0
311

တရုတ်နှင့် ဗြိတိန်ကြားရှိ ဆက်ဆံရေး အကောင်းမွန်ဆုံး ကာလသည် အဆုံးသတ်သွားပြီဟု ဝန်ကြီးချုပ် ဆူနက်ခ်က ပြောကြားပြီးနောက် တစ်ရက်အကြာတွင် ဗြိတိန်သည် တရုတ်နိုင်ငံအား ဆိုဒ်ဝဲလ် စီ နျူကလီးယား ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်သည့် စီမံကိန်းမှ ထုတ်ပယ်လိုက်သည်။

တရုတ်အစိုးရပိုင် စွမ်းအင်ကော်ပိုရေးရှင်းဖြစ်သည့် တရုတ်အထွေထွေ နျူကလီးယား (CGN) ကို စီမံကိန်းမှ ဖယ်ရှားပြီး ပြင်သစ်မိတ်ဖက် EDF ကို အစားထိုးသွား မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ကြေညာခဲ့သည်။

စီးပွားရေး၊ စွမ်းအင်နှင့် စက်မှု မဟာဗျူဟာဌာန (BEIS) က ဗြိတိန်၏ စွမ်းအင်အ‌ပေါ်ဆုံးဖြတ်ဆောင်ရွက်ခွင့်အာဏာတည်တံ့ရေးအတွက် အဓိကထည့်သွင်း စဉ်းစား၍ CGN ကို စီမံကိန်းမှ ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

“မူအရ တရုတ်စီးပွားရေး လုပ်ငန်းများအပေါ် ခွဲခြားဆက်ဆံတဲ့ အမူအကျင့် မှန်တာသမျှကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်၊ ဗြိတိန်ဘက်ကလည်း ဗြိတိန်မှာရှိတဲ့ တရုတ် ကုမ္ပဏီတွေအတွက် တရားမျှတပြီး ခွဲခြားမှုမရှိတဲ့ စီးပွားရေး ပတ်ဝန်းကျင် ဖန်တီးပေးဖို့ မျှော်လင့်ပါတယ်” ဟု တရုတ်သံရုံးက ကြေညာချက်ထုတ်ကာ ပြန်လည်တုံ့ပြန်ခဲ့သည်။

အဆိုပါ နျူကလီးယား ဓာတ်အားပေး စက်ရုံကို အင်္ဂလန်အရှေ့ပိုင်း ဆပ်ဖစ်ခ် ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ဆောက်နေပြီး ဆောက်လုပ်မှုပြီစီးပါက အိမ်ခြေ ၆ သန်းခန့် မီးပေးနိုင်မည်ဖြစ်ကာ အလုပ်အကိုင်ပေါင်း ၁ သောင်းခန့်ပါ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ 

Source:WION


LEAVE A REPLY

Please enter your comment!
Please enter your name here