မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုဆွေးနွေး

0
120

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးတွင် ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်ရုရှားတပ်မတော်၊စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့်ပထမ ဒုတိယကြည်းတပ်ဦးစီးချုပ်တို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးအား နိုဝင် ဘာ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Hilton Hotel ၌ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပထမအကြိမ် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီပူးတွဲ ဥက္ကဋ္ဌများဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့်ရုရှားတပ်မတော်၊စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel- General Kim Alexey Rostislavovich တို့က နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြသည်။

ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီပူးတွဲ ဥက္ကဋ္ဌနှစ်ဦးက အစည်းအဝေးအစီအစဉ်အားအတည်ပြု၍ မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့်ကော်မ တီဝင် မြန်မာ့တပ်မတော်မှအရာရှိကြီးများတက်ရောက်ကြခဲ့ကြသည်။

ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel- General Kim Alexey Rostislavovich နှင့်အတူ ကော်မတီဝင်ရုရှားတပ်မတော်မှ အရာရှိကြီးများလည်းတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here