မြန်မာ့လက်ရွေးစင်အသင်း ထိုင်းနိုင်ငံတွင် လေ့ကျင်မှုများပြုလုပ်နေပြီး ယနေ့ (နို၀င်ဘာ၂၉) ညနေတွင် Chonburi FC နှင့် ကွင်းပိတ်ကစားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းလက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ အပါအဝင် ထိုင်းလိဂ် ကလပ်အသင်း အချို့နှင့် ခြေစမ်းပွဲများကစားရန်အတွက် ပဏာမ ကစားသမား ၂၅ ဦးပါ၀င်သည့် မြန်မာ့လက်ရွေးစင် အသင်းသည် ယမန်နေ့က ထိုင်းနိင်ငံသို့ ရောက်ရှိခဲ့ပြီး ယနေ့ ညနေ ၆ နာရီတွင် ထိုင်းလိဂ်(၁) အသင်း Chonburi F.C. အသင်းနှင့် ကွင်းပိတ် ခြေစမ်းပွဲ ကစားမည် ဖြစ်သည်။
ယင်းနောက် ဒီဇင်ဘာ ၃ ရက်နှင့် ၇ ရက်တို့တွင်လည်း ထိုင်းကလပ်များနှင့် ခြေစမ်းပွဲကစားမည်ဖြစ်ကာ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထိုင်းလက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
အဆိုပါ ခြေစမ်းပွဲအပြီးတွင် AFF MITSUBISHI ELECTRIC CUP 2022 ပြိုင်ပွဲအတွက် အပြီးသတ် မြန်မာ့လက်ရွေးစင် အသင်း လူစာရင်းအား ထုတ်ပြန်သွားမည်ဟု သိရသည်။

