ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် (၁၀၄)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲတွင် ၃ ကျမ်းလုံးအပြီးအောင် သံဃာတော် ၄ ပါးအပါအဝင် ၂၃ ပါးအောင်မြင်တော်မူခဲ့သည်။
သီးခြားစာချတန်းမှ သုံးကျမ်းလုံးအပြီးအောင် ၄ ပါး၊ နှစ်ကျမ်းအောင် ၅ ပါး၊ တစ်ကျမ်းအောင် ၃ ပါးနှင့် သီးခြားစာသင်တန်းမှ ၁၁ ပါး(စုစုပေါင်း ၂၃ ပါး)အောင်မြင်တော်မူခဲ့သည်။
ရန်ကုန်တိုင်းမှ သံဃာတော် ၅ ပါး၊မန္တလေးတိုင်းမှ သံဃာတော် ၁၂ ပါး၊စစ်ကိုင်းတိုင်းမှ ၅ ပါးနှင့်ဧရာဝတီတိုင်းမှ ၁ ပါးတို့အောင်မြင်တော်မူခဲ့ကြကြောင်း သိရသည်။
စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲတွင် အောင်မြင်တော်မူခဲ့သည့် သံဃာတော် ၂၃ ပါး၏ အောင်စာရင်းအား နိုဝင်ဘာ ၂၆ ရက်က ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲအား နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ၇ ရက်တိုင် စေတီတော်ရင်ပြင်တော်ရာဟုထောင့်ရှိ ချမ်း သာကြီးတန်ဆောင်း၌ကျင်းပခဲ့ရာ သီးခြားစာချတန်းတွင် ၃၀ ပါး၊ သီးခြားစာသင်တန်းတွင် ၁၈၉ ပါး(စုစုပေါင်း ၂၁၉ ပါး)တို့ ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြသည်။
![](https://www.popularmyanmar.com/wp-content/uploads/2022/11/DA0AC31D-A539-42EA-B8CE-F935FE9EB434-1024x678.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2022/11/5630A9F3-D1DD-4785-8A61-8A1851719997-1024x678.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2022/11/ED8DC921-0DCD-466A-9094-F57D2BB0844F-1024x678.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2022/11/4F244760-AAFC-432F-9687-551B4B6D8D88-1024x678.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2022/11/F0651872-5CE1-4FF1-B5FD-A96A120FE244-1024x678.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2022/11/257F345C-24D6-46B3-B383-193AF334E07B-1024x678.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2022/11/0CD6D98E-97C9-412E-94FD-5863C21B1BD4-1024x678.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2022/11/5900A2AE-2740-4EE8-99E1-333764F1B443-1024x678.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2022/11/978E51E8-253F-4D67-83AD-BD44ECDA057E-1024x678.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2022/11/44375F50-0B56-448A-9D08-B5683F939314-1024x678.jpeg)