၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲတွင် ၃ ကျမ်းလုံးအပြီးအောင် သံဃာတော် ၄ ပါးအပါအဝင် ၂၃ ပါးအောင်မြင်တော်မူ

0
329

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် (၁၀၄)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲတွင် ၃ ကျမ်းလုံးအပြီးအောင် သံဃာတော် ၄ ပါးအပါအဝင် ၂၃ ပါးအောင်မြင်တော်မူခဲ့သည်။

သီးခြားစာချတန်းမှ သုံးကျမ်းလုံးအပြီးအောင် ၄ ပါး၊ နှစ်ကျမ်းအောင် ၅ ပါး၊ တစ်ကျမ်းအောင် ၃ ပါးနှင့် သီးခြားစာသင်တန်းမှ ၁၁ ပါး(စုစုပေါင်း ၂၃ ပါး)အောင်မြင်တော်မူခဲ့သည်။

ရန်ကုန်တိုင်းမှ သံဃာတော် ၅ ပါး၊မန္တလေးတိုင်းမှ သံဃာတော် ၁၂ ပါး၊စစ်ကိုင်းတိုင်းမှ ၅ ပါးနှင့်ဧရာဝတီတိုင်းမှ ၁ ပါးတို့အောင်မြင်တော်မူခဲ့ကြကြောင်း သိရသည်။

စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲတွင် အောင်မြင်တော်မူခဲ့သည့် သံဃာတော် ၂၃ ပါး၏ အောင်စာရင်းအား နိုဝင်ဘာ ၂၆ ရက်က ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲအား နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ၇ ရက်တိုင် စေတီတော်ရင်ပြင်တော်ရာဟုထောင့်ရှိ ချမ်း သာကြီးတန်ဆောင်း၌ကျင်းပခဲ့ရာ သီးခြားစာချတန်းတွင် ၃၀ ပါး၊ သီးခြားစာသင်တန်းတွင် ၁၈၉ ပါး(စုစုပေါင်း ၂၁၉ ပါး)တို့ ‌ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here