ကိဗ်မြို့တော်ဝန်အား ဇယ်လန်းစကီးပြစ်တင်ပြောဆို

0
155

ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်မြို့၏ မြို့တော်ဝန်အနေဖြင့် လျှပ်စစ်ဓာတ်အားနှင့် အပူဓာတ်မရရှိကြသော မြို့နေပြည်သူများအတွက် အရေးပေါ်နေရာများစီစဉ်ရာတွင် လွန်စွာ ညံ့ဖျင်းကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြစ်တင်ပြောဆိုလိုက်သည်။ ယင်းသည် ယူကရိန်းခေါင်းဆောင်များအကြား ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်ပြစ်တင်မှုဖြစ်သည်။

ပုံမှန်ပြောကြားနေကျ သောကြာနေ့ ညနေခင်းမိန့်ခွန်းတွင် ဇယ်လန်းစကီးက ကိဗ်မြို့တော်ဝန် Vitali Klitschko နှင့် သူ၏ အဖွဲ့အနေဖြင့် မြို့နေပြည်သူများအား လုံလောက်သည့် အကူအညီများ မပေးနိုင်ခဲ့ကြောင်း ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုများအပြီးတွင် ယူကရိန်းနိုင်ငံ၌ လျှပ်စစ်ဓာတ်နှင့် ရေပြတ်တောက်မှုများ ကျယ်ပြန့်စွာဖြစ်ပွားခဲ့ပြီး၊ အလင်း၊ အပူ၊ ရေ၊ အင်တာနက်နှင့် မိုဘိုင်းဖုန်းချိတ်ဆက်မှုများ ပြတ်တောက်ခဲ့ရသည်။

Ref: In rare public spat, Ukraine’s Zelensky criticises Kyiv mayor over emergency centres


LEAVE A REPLY

Please enter your comment!
Please enter your name here