ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေဖြစ်တဲ့ ပေါ်တူဂီနဲ့ ဂါနာ၊ ဘရာဇီးနဲ့ ဆားဘီးယားတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘရာဇီးအသင်းတို့ ချန်ပီယံခြေစွမ်းကို ပြသခဲ့ပြီး ပေါ်တူဂီကတော့ အနိုင်ရလဒ်အတွက် ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။
အုပ်စု (G) ရဲ့ ဘရာဇီး နဲ့ ဆားဘီးယားပွဲစဉ်မှာ ဘရာဇီးဟာ ပွဲအစထဲက တစ်ဖက်သတ်ဖိအားပေးကစားခဲ့ပြီး ပထမပိုင်းမှာ ဘရာဇီးတို့ အခွင့်အရေးကောင်း တစ်ချို့ ရခဲ့ပေမယ့် ဆားဘီးယားနောက်တန်း နဲ့ ဂိုးသမား တို့ရဲ့ ချီးကျူးစရာ ကာကွယ်မှုတွေကြောင့် ပထမပိုင်း ဂိုး မရှိသရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘရာဇီးတို့ တိုက်စစ်ပိုင်းကို ပိုမိုမြှင်တင်ကစားလာပြီး လိုအပ်တဲ့ အနိုင်ဂိုးတွေကို လူငယ်ကစားသမား ရစ်ချာလီဆန်က သွင်းယူနိုင်ခဲ့တာကြောင့် ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အုပ်စု (H) ရဲ့ ပေါ်တူဂီနဲ့ ဂါနာပွဲစဉ်မှာတော့ ပထမပိုင်းမှာ နှစ်သင်းစလုံး ထိရောက်တဲ့ခြေစွမ်းတွေ မပြနိုင်ခဲ့တာကြောင့် ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံး လူစားလဲလာပြီး တိုက်စစ်ပိုမိုမြှင့်တင်ကစားလာခဲ့ပါတယ်။ ပင်နယ်တီပြစ်ဒဏ်ဘောနဲ့ ရော်နယ်ဒိုဦးဆောင်ဂိုး သွင်းယူပြီးနောက်မှာတော့ ပွဲဟာ ပိုအကြိတ်အနယ်ရှိလာပြီး ပေါ်တူဂီတို့ ကံကောင်းလို့သာ သရေမကျခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ ပေါ်တူဂီဟာ ဂါနာအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီနေ့မှာတော့ ဝေးလ်နဲ့ အီရန်၊ အိမ်ရှင်ကာတာနဲ့ ဆီနီဂေါ၊ နယ်သာလန်နဲ့ အီကွေဒေါ၊ အင်္ဂလန်နဲ့ အမေရိကန်တို့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။






