၂၀၂၂ ခု ဘဏ္ဍာနှစ် (၉) လတာအတွင်း တရားမဝင်ကုန်စည် ဖမ်းဆီးရရှိမှုတန်ဖိုး ဘီလီယံ (၅၀) ဝန်းကျင်ရှိ

0
175

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉)လအတွင်း တရားမဝင်ကုန်စည် ဖမ်းဆီးရရှိမှု ခန့်မှန်းတန်ဖိုးအနေဖြင့် ကျပ်ငွေ ဘီလီယံ (၅၀) ဝန်းကျင်အထိရှိကြော င်း သိရသည်။

နိုဝင်ဘာ (၂၃) ရက်က နေပြည်တော်တွင်ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော် မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)မှ စာရင်းအချက်အလက်များအရ သိရှိရခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ (၉) လ တာ ကာလအတွင်း တရားမဝင် ကုန်စည် ဖမ်းဆီးရရှိမှု အမှုတွဲပေါင်း (၃၀၉၅) မှု ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ် (၄၅ ဒသမ ၆) ဘီလီယံဖြစ်ကြောင်း သိရသည်။

ယခင်နှစ် ကာလတူအတွင်း တရားမဝင်ကုန်စည်ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ(၁၅၅၈)မှုနှင့် ခန့်မှန်းတန်ဖိုး ကျပ် (၆ ဒသမ ၆၂၆) ဘီလီယံ ရှိသည့်အတွက် ယခုနှစ် ကာလတူတွင် အမှုတွဲ(၁၅၃၇)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၃၈ ဒသ မ ၉၇၄) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရမိမှု စာရ င်းများအရ ၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် အော က် တိုဘာလအတွင်း မန္တလေးတိုင်းဒေသကြီးက ဖမ်းဆီးရမိမှုအများဆုံးဖြစ်ပြီး စက်တင်ဘာလအတွင်းတွင် ကရ င်ပြည်နယ်က ဖမ်းဆီးရမိမှု အများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီး ရရှိမှုများတွင် တရားမဝင် ကုန် စည်များသာမက မူးယစ်ဆေးဝါး၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ၊လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မ တီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)တွင် ကော် မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် ဌာနဆိုင်ရာများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို စစ်ဆေးရာတွင် တရားမဝင်လက်နက် ခဲယမ်းများ၊ ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ ခိုးဝှက်သယ်ဆောင်ခြင်း မရှိစေရေး အလေးထား စစ်ဆေးသွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်၊ တိုင်းဒေသကြီးများနှင့် နေပြည်တော်ကောင်စီနယ်မြေတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ (၁၅) ဖွဲ့ဖြင့်လည်းကောင်း၊ ကုန်သွယ်ရေးစခန်းများတွင်လည်း သက်ဆိုင်ရာ ဌာနများပါဝင်သော OSS ဌာနများဖြင့်လည်းကောင်း၊ မန္တလေး – မူဆယ်ပြည်ထောင်စုလမ်းမပေါ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် လည်းကောင်း၊ ရန်ကုန် – မြဝတီ ပြည်ထောင်စုလမ်းမပေါ်ရှိ မရမ်းချောင်အမြဲ တမ်းစစ်ဆေးရေးစခန်း၊ ကော့ကရိ တ် တံတားကျိုး(လှိုင်ဝ) စစ်ဆေးရေး စခန်းတွင်လည်း ကောင်း၊ သက်ဆိုင်ရာဌာနများပါဝင်သည့်အဖွဲ့များဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဖမ်းဆီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တ ရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော် မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)သို့ကော် မတီ ဒုတိယဥက္ကဋ္ဌ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြ ည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့် စီးပွားရေးနှင့် ကူးသ န်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကာကွယ်ရေးဝန်ကြီး ဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here