ဥရောပ အာကာသ အေဂျင်စီက ကမ္ဘာ့ပထမဆုံး မသန်စွမ်း အာကာသယာဉ်မှူးကို မိတ်ဆက်လာ

0
52

ဥရောပ အာကာသ အေဂျင်စီ (ESA)သည် ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သင်တန်းသား အာကာသယာဉ်မှူးများအား လေ့ကျင့်ပေးမည့် အတန်းသစ်တစ်ခုကို ကြေညာခဲ့ရာ ထိုထဲတွင် ကမ္ဘာ့ပထမဆုံး မသန်စွမ်း အာကာသယာဉ်မှူးပါ ပါဝင်လာခဲ့သည်။

ဥရောပ အာကာသယာဉ်မှူးများ၏ တတိယမျိုးဆက်သစ်များကို ရွေးချယ်ရာတွင် အာကာသယာဉ်မှူး ငါးဦး၊ အရံ အာကာသယာဉ်မှူး ၁၁ ဦးနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့နေသော အာကာသယာဉ်မှူးတစ်ဦးတို့ ပါဝင်လာသည်။

အဆိုပါ ၁၇ ဦးကို ဥရောပတစ်ခွင်မှ အာကာသယာဉ်မှူးအဖြစ် လာရောက် လျှောက်ထားသူ နှစ်သောင်း နှစ်ထောင့် ငါးရာကျော်ထဲမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ပထမဆုံး မသန်စွမ်း အာကာသယာဉ်မှူးအဖြစ် ရွေးချယ်ခံခဲ့ရသော ဂျွန်မက်ဖောသည် လူသားတင် အာကာသယာဉ်များနှင့် အလားအလာရှိသော အနာဂတ် မစ်ရှင်များတွင် မသန်စွမ်း အာကာသယာဉ်မှူးများအား လိုက်ပါခိုင်းမည့် ပရောဂျက်တွင် ပါဝင်သွားမည် ဖြစ်သည်။

မက်ဖောသည် ဗြိတိန်ဆရာဝန် တစ်ဦးဖြစ်သည့်အပြင် မသန်စွမ်းသူများအတွက် ကျင်းပပေးသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမား လည်းဖြစ်သည်။

အသက် ၁၉ နှစ်အရွယ်တွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီးနောက် သူ၏ ညာဘက်ခြေထောက်ကို ဖြတ်တောက်ခဲ့ရသည်။  

ESA ၏ မသန်စွမ်းသူကို အာကာသယာဉ်မှူးအဖြစ် ရွေးချယ်မည့် ကြေငြာကို မြင်သောအခါ လျှောက်ကို လျှောက်ထားရမည်ဟု ခံစားရပြီး စိတ်ဝင်စားစရာကောင်းသာ အခွင့်အရေးကြီးတစ်ခုအဖြစ် ထင်မြင်ခဲ့မိကြောင်း မက်ဖောက ပြောခဲ့သည်။

မက်ဖောနှင့် အခြားသော ရွေးချယ်ခံ လူ ၄ ဦးသည် နိုင်ငံတကာ အာကာစခန်းမှ မိတ်ဖက်များ သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီစေရန်အတွက် ဂျာမနီနိုင်ငံ ကိုလုံးမြို့ရှိ ဥရောပ အာကာသယာဉ်မှူးစင်တာတွင် ၁၂ လကြာ အခြေခံသင်တန်းကို စတင် တတ်ရောက်ရမည်ကြောင်း ESA က ပြောကြားခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here