နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်(Re-presentative) အဖြစ်တာဝန်ထမ်းဆောင်မည့် Dr. Thushara Eraj Indranath Fernando ကကိုယ်စားလှယ်ခန့်အပ်လွှာပေးအပ်ခဲ့သည်။
နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နို ဝင်ဘာ ၂၃ ရက်မွန်းလွဲ ၂ နာရီက လာရောက်ဂါရ ဝပြုတွေ့ဆုံ၍ ၎င်း၏ခန့်အပ်လွှာကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ခန့်အပ်လွှာပေးအပ်ရာသို့ တက်ရောက်ခဲ့ကြသည်။