ဧရာဝတီတိုင်း၊ဇလွန်မြို့ရှိ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးတွင် နိုဝင်ဘာ ၇ ရက် (တန်ဆောင်မုန်းလပြည့်နေ့)၌ မသိုးသင်္ကန်းရက် လုပ်၍ ဆက်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မသိုးသင်္ကန်းရက်လုပ်ခြင်းအား နိုဝင်ဘာ ၆ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်)တွင် ကိန္နရီစင် တော်၊ သဗ္ဗူလစင်တော်၊ မယ်မဒ္ဒီစင်တော်နှင့်အမယာစင်တော်တို့မှ ရက်လုပ်သွားမည်ဖြစ်ပြီး တန် ဆောင်မုန်းလပြည့်နေ့ နံနက် ၄ နာရီ၌ မာရ်အောင် မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးနှင့်ဂန္ဓာကုဋီတိုက်အတွင်းရှိရုပ်ပွားဆင်းတုတော်သုံးဆူတို့အား ဆပ်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သစ်သီးကိုးမျိုး၊ မုန့်ကိုးမျိုး၊ ပန်း၊ ဆီမီး၊ ရေချမ်းများဖြင့်လည်း ဆွမ်းတော်ကြီးကပ်လှူပူ ဇော်သွားမည်ဖြစ်သည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်အဖြစ်လည်း လျှပ် စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲအဖြစ် နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိ ၃ ညတိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။