Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeSportမြန်မာ ယူ -၁၇...

မြန်မာ ယူ -၁၇ အသင်း မော်လ်ဒိုက်စ် ယူ-၁၇ အသင်းကို ၇ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိ

၂၀၂၃ အာရှ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-17 Asian Cup Qualification) ပြိုင်ပွဲ​အုပ်စု(ဃ) အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာ ယူ -၁၇ အသင်း နှင့် မော်လ်ဒိုက်စ် ယူ-၁၇ အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ -၁၇ အသင်းက မော်လ်ဒိုက်စ် ယူ-၁၇ အသင်းကို ၇ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ရက် နံနက် (၀၀:၃၀) အချိန်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းက ၇-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာ ယူ-၁၇ အသင်းတွင် စိုင်းသီဟနိုင် (ဂိုး)၊ သူရဇော်၊ ကောင်းခန့်ဇော်၊ မျိုးထက်ဦး၊ ပြည့်စုံအောင်၊ မြတ်ဘုန်းခန့်၊ ခွန်းချိုထူး၊ ထူးဝေယံ၊ စောမျိုးဇော်၊ လင်းထက်ဦး၊ အောင်ဇော်မျိုးတို့ ပွဲထွက်ခဲ့ကြပြီး မော်လ်ဒိုက်စ် အသင်းကို တစ်ပွဲလုံး ဖိအားပေး ကစားသွားခဲ့သည်။

မြန်မာယူ-၁၇ အသင်း အနေဖြင့် မော်လ်ဒိုက်စ် ယူ-၁၇ အသင်းကို ပွဲချိန် ပထမပိုင်းတွင် လေးဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၇ မိနစ်နှင့် ၂၈ မိနစ်တွင် စောမျိုးဇော်၊ ၃၄ မိနစ်တွင် ပြည့်စုံအောင်နှင့် ၄၅ မိနစ်တွင် မြတ်ဘုန်းခန့်တို့က ဂိုးများ သွင်းယူခဲ့ကြသည်။

မြန်မာယူ-၁၇ အသင်းသည် ပွဲချိန် ဒုတိယပိုင်းတွင် သက်နိုင်ဦး၊ မျိုးမင်းခန့်၊ အောင်ကောင်းမြတ်၊ နေလင်းထွန်း၊ ကောင်းထက် အစရှိသည့် ကစားသမားကို ထည့်သွင်းပြီး မော်လ်ဒိုက်စ် အသင်းဘက်သို့ ဆက်လက် တိုက်စစ်ဆင် ကစားခဲ့ရာ ပွဲချိန် ၆၂ မိနစ်တွင် ပြည့်စုံအောင်၊ ၆၉ မိနစ်တွင် အောင်ဇော်မျိုး၊ ၉၀+၁ မိနစ်တွင် မျိုးမင်းခန့်တို့က ဂိုးများ ထပ်မံသွင်းယူခဲ့ကြသဖြင့် ပွဲအပြီးတွင် မြန်မာအသင်းက မော်လ်ဒိုက်စ် အသင်းကို ၇-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

၂၀၂၃ အာရှ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-17 Asian Cup Qualification) ပြိုင်ပွဲ​အုပ်စု(ဃ) ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ မြန်မာအသင်းသည် လေးပွဲကစား၊ တစ်ပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ခဲ့ပြီး အုပ်စု အဆင့် (၄) နေရာတွင် ရပ်တည်ကာ ပထမနေရာရရှိသော အိမ်ရှင် ဆော်ဒီအာရေဗျနှင့် ဒုတိယနေရာ ရရှိသော အိန္ဒိယ အသင်းတို့ ခြေစစ်ပွဲ အောင်မြင်သွားကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သော အာရှယူ-၁၇ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်များ အပြီးတွင် အုပ်စု ပထမနေရာရရှိခဲ့သော ဂျပန်၊ မလေးရှား၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ယီမင်၊ ဗီယက်နမ်၊ ဩစတြေးလျ၊ တာဂျစ်ကစ္စတန်၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ အကောင်းဆုံး အုပ်စုဒုတိယ ခြောက်သင်းဖြစ်သော တောင်ကိုရီးယား၊ တရုတ်၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ထိုင်းနှင့် လာအိုတို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071