သီပေါတွင် ကားသုံးစီးဆင့်တိုက်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပိမိပြီးသေဆုံး

0
47

သီပေါတွင် ကားသုံးစီးဆင့်တိုက်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပိမိပြီးသေဆုံး 

ရှမ်းပြည်နယ်၊သီပေါမြို့နယ်ရှိ ပြည်ထောင်စုလမ်း မကြီးပေါ်တွင် စက်တင်ဘာ ၂၄ ရက်(ယနေ့)နံ နက်ပိုင်းက ကားသုံးစီးဆင့်တိုက်၍ ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦး ပိမိသေဆုံးခဲ့သည်ဟု နယ်စည်းမခြားပရဟိတ(သီပေါ)မှ သိရသည်။

ယနေ့နံနက် ၁၁ နာရီကျော်ခန့်က စံလောင်းနှင့်ကုံးမုံကြားရှိ ပြည်ထောင်စုလမ်းမကြီးပေါ်၌ တွဲကား၊ ကုန်တင်ဒိုင်နာကားနှင့် ၁၀ ပေကားတို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းရုံးကိုဖုန်းဝင်လာတဲ့အချိန်က ၁၁ နာရီခွဲလောက်ရှိပါပြီ ချက်ခြင်းသွားပြီးကူညီပေးခဲ့ပါတယ် တွဲကားက ၁၀ ပေကားပေါ်ကိုပိမိနေတာ ကားအောက်မှာကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ယောက်ပိမိနေလို့ ကရိန်းနဲ့ရွှေ့ပြီးသယ်ထုတ်ခဲ့ရတယ်”ဟု နယ်စည်းမခြားပရဟိတ (သီပေါ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ကားသုံးစီးဆင့်တိုက်မှုကြောင့် ၁၀ ပေကားပေါ်တွင် လိုက်ပါလာသည့် ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦးမှာ ကားအောက်၌ပိမိ၍ ထိခိုက်ဒဏ် ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဘယ်လိုတိုက်တာလဲဆိုတာကတော့ ကျွန်တော်တို့လည်းမသိဘူး တွဲကားက လားရှိုးဘက်ကိုသွားတယ် ဒိုင်နာက မန္တလေးဘက်ကိုသွားတယ် နောက်ပြီး ၁၀ ပေကားကတော့ သူတို့ခြံကိုသွားတာလို့သိရတယ် ၄ ယောက်ဒဏ်ရာရတယ် တစ်ယောက်သေတယ်”ဟု နယ်စည်းမခြားပရဟိတ (သီပေါ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးတို့အား နယ်စည်းမခြားပရ ဟိတ(သီပေါ)နှင့်အခြား လူမှုကူညီရေးအသင်းကားများဖြင့် သီပေါမြို့ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here