ဝါးတစ်ရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင်အ ထည်ချုပ်စက်ရုံ၌ အလုပ်သမားများ ဥပဒေချိုးဖောက်ခံနေရသည်ဆိုသော သတင်းမှာမှန်ကန်မှုမရှိဟု အလုပ်သမားဝန် ကြီးဌာနထုတ်ပြန်

0
305

ဝါးတစ်ရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင်အ ထည်ချုပ်စက်ရုံ၌ အလုပ်သမားများ ဥပဒေချိုးဖောက်ခံနေရသည်ဆိုသော သတင်းမှာမှန်ကန်မှုမရှိဟု အလုပ်သမားဝန် ကြီးဌာနထုတ်ပြန်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Rong Da Garment Co.,Ltd အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ ဥပဒေချိုးဖောက်ခံရခြင်းများဖြစ်ပေါ်နေသည်ဟု လူမှုကွန်ယက်စာမျက်နှာများ၌ သတင်းဖော်ပြမှုများမှာမှန်ကန်မှုမရှိဟု အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာများ၌ စက်တင်ဘာ ၂ ရက်က ဝါးတစ်ရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Rong Da Garment Co.,Ltd အထည်ချုပ်စက်ရုံမှ အလုပ်သမားများ လုပ်ငန်းခွင်အတွင်းနားရက်မရှိ အလုပ်လုပ်ရကာ တနင်္လာနေ့မှသောကြာ နေ့အထိ နံနက် ၈ နာရီမှည ၆ နာရီခွဲအထိ တစ်နေ့အလုပ်ချိန် ၁၀ နာရီခွဲခန့် အလုပ်လုပ်ကိုင်နေရသည်ဟု ရေးသားထားသည်။

အလားတူ အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ ည ၇ နာရီမှ ၁၂ နာရီအထိ အတင်းအဓမ္မအ ချိန်ပိုဆင်းခိုင်းကာ စနေနေ့နှင့်တနင်္ဂနွေနေ့များတွင် အောလင်း၊အောနိုက်ဆင်းပေးရပြီး လုပ်ငန်း ခွင်အတွင်း၌ Super ၊ All Super ၊ Leader များက အလုပ်သမားများအား ကြမ်းတမ်းစွာပြောဆိုဆဲ ရေးမှုများလည်းရှိသည်ဟု ရေးသားထားသည်။

ထို့ပြင် ဥပဒေပါခွင့်ရက်နှင့်အလုပ်ပိတ်ရက်ခွင့်ခံ စားခွင့်မရရှိဘဲ စံချိန်များမတရားတောင်းခံပြီး စံ ချိန်မပြည့်ပါက အလုပ်သမားများအား အချိန်ပိုဆင်းခိုင်း၍ ငြင်းဆန်ပါက လိုင်းစူပါများမှ ဆဲဆိုကာ အလုပ်မှထုတ်မည်ဟု ခြိမ်းခြောက်ခြင်း၊စက် ရုံတွင် ညအိပ်ရန်နေရာစီစဉ်ပေးထားမှုမရှိ၍ အ ဆင်ပြေသည့်နေရာတွင် ကြုံသလိုအိပ်ရသဖြင့် ကျန်းမာရေးထိခိုက်လာခြင်း၊ အလုပ်ရှင်၊အလုပ် သမားသဘောတူစာချုပ်ပါ စည်းကမ်းချက်များအတိုင်းဆောင်ရွက်ခြင်းမရှိဘဲ ဥပဒေမဲ့ အလုပ် ထုတ်ပယ်ခြင်းများရှိသည်ဟု ရေးသားထား သည်။

ထို့ကြောင့် စက်တင်ဘာ ၇ ရက်တွင် အလုပ်သ မားညွှန်ကြားမှုဦးစီးဌာနနှင့်အလုပ်ရုံနှင့်အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက စက်ရုံသို့သွားရောက်၍ လုပ်ငန်းပိုင်ရှင် ၊လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များနှင့်အလုပ်သမားများအား စစ်ဆေးမေးမြန်းခဲ့သည်။

ထိုသို့ စစ်ဆေးမေးမြန်းခဲ့ရာ တစ်ရက်အလုပ်ချိန်သည် နံနက် ၈ နာရီမှညနေ ၄ နာရီအထိဖြစ်ကာ နားချိန်သည် မွန်းတည့် ၁၂  နာရီမှ ၁၂ နာရီခွဲအထိဖြစ်ပြီး အချိန်ပိုခိုင်းစေမှုရှိသော်လည်း အလုပ်သမားများ၏ သဘောတူညီမှုအားရယူကာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ခွင့်ပြု ချက်ဖြင့် ညနေ ၄ နာရီခွဲမှည ၆ နာရီခွဲအထိ လုပ် ကိုင်ရသည်ဟု သိရသည်။

ထို့ပြင် တနင်္ဂနွေနေ့များတွင် အလုပ်လုပ်ကိုင်ရပါက အလုပ်သမားများ၏ သဘောဆန္ဒရယူ၍ အ လုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ရကာ အများပြည်သူပိတ်ရက်များတွင် အလုပ်လုပ်ကိုင်ရခြင်းမရှိဘဲ ဥပဒေပါခွင့်ရက်များတောင်းခံလာပါကလည်း ခံစားခွင့်ပေး သည်ဟု သိရသည်။

အလားတူ အလုပ်သမားများအား စံချိန်မတရားတောင်းခြင်း၊ဆဲဆိုခြင်းများမရှိဘဲ ညဆိုင်းခိုင်းစေခြင်းများမရှိသဖြင့် ညအိပ်ရန်နေရာစီစဉ်ရန် မလိုအပ်သည့်အပြင် အလုပ်ရှင်၊အလုပ်သမားသ ဘောတူညီချက်စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီဆောင်ရွက်၍ ဥပဒေမဲ့ထုတ်ပယ်ခြင်းများလည်း မရှိကြောင်းစစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် လူမှုကွန်ယက်စာမျက်နှာများတွင်ဖော် ပြထားသည့် သတင်းမှာစက်ရုံများတွင် လုပ်ငန်း ခွင်တည်ငြိမ်အေးချမ်းသာယာမှုအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ သွေးထိုးလှုံ့ဆော်ခြင်းသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း အလုပ်သ မားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည် အလုပ်သ မားရေးရာပေါင်းစပ်အဖွဲ့၊ စည်းကြပ်ဥပဒေများဖြင့် မှန်ကန်မှု ရှိ/မရှိ စိစစ်၍ အလုပ်သမားများ ရ ပိုင်ခွင့်များရရှိရန် ဆောင်ရွက်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here