မလေးရှားနှင့်အင်ဒိုနီးရှားကို ဆက်သွယ်မည့်ကီလိုမီတာ ၁၂၀ ရှည် သောလမ်းဖောက်မည်

0
177

မလေးရှားနှင့်အင်ဒိုနီးရှားကို ဆက်သွယ်မည့်ကီလိုမီတာ ၁၂၀ ရှည် သောလမ်းဖောက်မည်

မလ္လကာ၊စက်တင်ဘာ ၉

ကီလိုမီတာ ၁၂၀ ခန့် အကွာအဝေးရှိသော မလေးရှားနှင့်အင်ဒိုနီးရှားတို့ကို ဆက်သွယ်မည့်လမ်းကြောင်းသစ်ကို ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း Bernama က စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါလမ်းသည် မလေးရှားနိုင်ငံ၊မလ္လကာမြို့ကြီးမှ မဂျစ်တာနက်ရှ်မြို့ငယ်လေးရှိ တယ်လကွန် တံငါရွာမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ စူမားတြားရှိ ဒူမိုင်မြို့များသို့ဆက်သွယ်ပေးမည်ဖြစ်သည်။

မလ္လကာရင်းနှီးမြှုပ်နှံမှု၊ စက်မှု၊ စွန့်ဦးတီထွင်သူနှင့် သမဝါယမ ကော်မတီဥက္ကဋ္ဌ Ab Rauf Yusoh က ယခုအဆိုပြုထားသည့် လမ်းဖောက်လုပ်မှုကို ဥမင်လိုဏ်ခေါင်း သို့မဟုတ် တံတား ဖြင့်တည်ဆောက်မည်ဖြစ်သဖြင့် နှစ် ၂၀ ခန့်အချိန်ယူရမည်ဟု ဆိုသည်။

အဆိုပါတံတားပြီးစီးပါက နှစ်နိုင်ငံစလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုကြီးမားအကျိုး ရှိ‌ေစမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ဒီစီမံကိန်းအတွက် အဆိုပြုချက်ကို ပုဂ္ဂလိကကဏ္ဍအ‌နေနဲ့တင်ပြထားပြီး နှစ်နိုင်ငံစလုံးက ဒီကိစ္စနဲ့ပတ်သက်လို့ မူကြမ်းအားဖြင့်တော့ အသေးစိတ်လေ့လာဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု ၎င်းကဆိုသည်။

“ပြည်နယ်အစိုးရဘက်က အစိုးရအေဂျင်စီ အားလုံးကိုတော့ အဆိုပြုထားတဲ့ လမ်းကြောင်းသစ် တည်ဆောက်မယ့်နေရာကိုသွားရောက်လည်ပတ်ဖို့ မနေ့ကခေါ်ဆောင်ခဲ့ပါတယ်” ဟု မလ္လကာအသံလွှင့်ဌာနတစ်ခုတွင် တွေ့ဆုံမေးမြန်းပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

Ab Rauf ကမူ “One Belt, One Road” အယူအဆကိုအသုံးပြု၍ တည်ဆောက်မည့်ယခု စီမံကိန်းသည် မလေးရှားနှင့်အင်ဒိုနီးရှား နှစ်နိုင်ငံစလုံးအတွက် အထိမ်းအ မှတ်သစ်တစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်း၌ ယာဉ်အသွားအလာများသောနေရာများနှင့် လူဝင်မှုကြီးကြပ်ရေးဌာန၊အကောက်ခွန်ဌာန၊ကွာရန်တင်းနေထိုင်ရန်နေရာများနှင့် မြင့်မားသောလုံခြုံရေးစနစ်များအပါအဝင် အခြားသောအခြေခံ အဆောက်အဦးများကိုပါ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

ထို့အပြင် မဂျစ်တာနက်ရှ်တွင်လည်း ၂၀၂၃ ဟက်တာကျယ်ဝန်းသည့် စက်မှုဇုန်သစ်တစ်ခုကို အဆင့်ဆင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း Ab Raud ကပြောကြားခဲ့သည်။

မလ္လကာကော်ပိုရေးရှင်းက အဆိုပါဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည်ဖြစ်ပြီး မဂျစ်တာနက်ရှ်တွင် မြို့သစ်ဖွင့်လှစ်ရန်အတွက်လည်း အထောက်အကူဖြစ်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Source – Bernama/kg


LEAVE A REPLY

Please enter your comment!
Please enter your name here