ယမန်နေ့က ခိုးယူခံရသည့် မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းရုံးမှ ဖုန်း ပြန်လည်ရရှိ

0
404

ယမန်နေ့က ခိုးယူခံရသည့် မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းရုံးမှ ဖုန်း ပြန်လည်ရရှိ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အခြေစိုက် မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေး ပရဟိတရုံးအတွင်းသို့ ဝင်ရောက်ကာ ခိုးယူသွားသည့် ဖုန်းကို ပြန်လည်ရရှိပြီဖြစ် ကြောင်း သိရသည်။

စက်တင်ဘာလ (၉) ရက်တွင် အသက်(၅၀)နှစ်အရွယ် အ မျိုးသမီးတစ်ဦးက အသင်းရုံးခန်းအတွင်းသို့ ဝင်ရောက်ကာ ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး စီးနင်းလာသည့် အငှားယာဥ်မောင်းဖြစ်သူမှ စက်တင်ဘာ (၉) ရက်ည (၉) နာရီခန့်တွင် မြန်မာ့ကြယ်ဖြူလူမှုကူညီကယ် ဆယ်ရေးပရဟိတအသင်းသို့ ဖုန်းဖြင့်ဆက်သွယ်၍ ယင်းအမျိုးသမီးကြီးသည် ၎င်း ၏ အငှားကားအား ငှားရမ်းစီးနင်းသည်မှာ (၂) ရက်ခန့်ရှိပြီးဖြစ်ကာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အထည်လိုက်စပ်နေသည်ဟု ထင်၍ လိုက်ပါပို့ဆောင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်သု သိရသည်။

အဆိုပါ အမျိုးသမီးမှ ၎င်း၏ ယာဉ်အားထပ်မံငှားရမ်းထားကြောင်း ပြောကြားခဲ့သည့်အတွက် ယင်းအငှားယာဉ်းမောင်းနှင့် မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတ အသင်းဝင်များက ယင်း အမျိုးသမီးကြီးအား လိုက်လံရှာဖွေရာ ရွှေပေါက်က္ကံ တံတားအဆင်း၌ တွေ့ရှိရသဖြင့် အသင်းရုံးသို့ခေါ်ဆောင်မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့ မေးမြန်းရာ ယူဆောင်ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သဖြင့် အမှုဖွင့်မည်ဟုပြောဆိုကာ လုံခြုံရေးအဖွဲ့များထံ အပ်နှံမှသာ ၎င်းယူဆောင်ခဲ့ကြောင်း ဝန်ခံပြောဆိုကာ ဖုန်းအားပြန်ပေးခဲ့သည်ဟု သိရသည်။

“ကိုယ့် အမေအရွယ်ဖြစ်နေတဲ့အတွက် အမှုမဖွင့်ခဲ့ပါဘူး ရိုးသားစွာ လုပ်ကိုင်စားသောက်ဖို့ပဲ မှာလိုက်ပါတယ်။ အငှားကားမောင်းတဲ့ အကိုနဲ့ ကားအုံနာကိုလည်း ဒီကိစ္စမှာသူတို့မပတ်သက်တဲ့အကြောင်းကို ရှင်းပေးခဲ့ပါတယ်”ဟု မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ရေး ပရဟိတအသင်းမှကိုလွင်မောင် ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here