Saturday, May 2, 2026

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို...

ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်နေ

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်မှ ဧပြီ ၃၀ ရက်ကကြည့်ရှုစစ် ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေ ရိပ်သာတည်ဆောက်နေမှု၊...

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...
HomeInternationalဗြိတိန်တွင် ရထားဝန်ထမ်းများ ဒုတိယအကြိမ်ထပ်မံဆန္ဒပြမည်

ဗြိတိန်တွင် ရထားဝန်ထမ်းများ ဒုတိယအကြိမ်ထပ်မံဆန္ဒပြမည်

ဗြိတိန်တွင် ရထားဝန်ထမ်းများ ဒုတိယအကြိမ်ထပ်မံဆန္ဒပြမည်

လစာငွေ၊အလုပ်အကိုင်တည်မြဲရေးနှင့် တိုးသည့်လစာထက် ငွေကြေးဖောင်းပွမှုကပိုမြင့်နေသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်တင်ဘာ ၁၅ ရက်နှင့် ၂၆ ရက်တို့တွင် နိုင်ငံလုံးဆိုင်ရာသပိတ်မှောက်မှုအသစ်တစ်ခုအား ဗြိတိန်ရထားသမဂ္ဂနှစ်ခုမှ ရထားဝန်ထမ်းများကစီစဉ်နေကြောင်းသိရှိရသည်။

ပို့ဆောင်ရေးလစာဝန်ထမ်းအသင်း (TSSA) ကရထားသွားလာရေးကုမ္ပဏီများမှ ဝန်ထမ်းများအတွက် လစာ ၂ ရာခိုင်နှုန်းတိုးပေးမှုကမ်းလှမ်းချက်ကိုပယ်ချကာ ပြန်လည်ပြင်ဆင်ပေးရန် တွန်းအားပေးနေကြောင်းပြောကြားခဲ့သည်။

ဇူလိုင်လ ၃၀ ရက်နှင့် ဩဂုတ်လ ၁၃ ရက်နေ့များကတည်းက ဆန္ဒပြခဲ့ကြသော စက်ခေါင်းအင်ဂျင်နီယာများအသင်း (ASLEF) ကမူ အဖွဲ့ဝင်များ အနေဖြင့်မြင့်မားလာ‌ သော နေထိုင်မှုစရိတ်များကိုကာမိ‌စေရန်အတွက် သင့်လျော်သောလစာကမ်းကိုလိုချင်ကြောင်းပြောကြားခဲ့သည်။ဖြစ်နိုင်ချေရှိသောပြေလည်မှုရရှိရန် ဆွေးနွေးနေဆဲဖြစ်သည်ဟု သမဂ္ဂများကပြောကြားခဲ့သည်။

“သူတို့က ရထားမောင်းသူတွေကို လစာနှုန်းထားတွေဖြတ်တောက်တယ်။  အလုပ်ကျ‌ေတာ့မနှစ်ကလိုပဲတန်းတူပင်ပန်းတာပါ” ဟု ASLEF ၏ အထွေထွေအတွင်းရေးမှူး Mick Whelan ကပြောကြားခဲ့သည်။

Avanti West Coast, Chiltern Railways, Cross Country, Greater Anglia, Great Western Railway, Hull Trains, LNER, London Overground, Northern Trains, Southeastern, TransPennine Express နှင့် West Midlands Trains အပါအဝင် ကုမ္ပဏီ ၁၂ ခုမှ ASLEF အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၅ ရက်နေ့ သပိတ်မှောက်မှုတွင် ပါဝင်ကြမည်ဖြစ်သည်။

TSSA သမဂ္ဂခေါင်းဆောင် Manuel Cortes ကမူ “ရထားသမဂ္ဂနဲ့ ညိှနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဆုံးဖြတ်ချက်အတွက် သဘောထားကွဲလွဲမှုတွေ နည်းပါးလာတာကို ကြိုဆိုပါတယ်။ကျွန်တော်တို့ရဲ့နောက်ထပ်သပိတ်မှောက်မှုကို တားဆီးနိုင်မယ့် သဘောတူညီချက်တစ်ခုရှိလာမလား၊မရှိလာမလားဆိုတာကတော့ အချိန်ကပြောပြပါလိမ့်မယ်” ဟု ဆိုသည်။

စက်တင်ဘာ ၂၆ ရက်တွင်သပိတ်မှောက်မှုသည် လီဗာပူး၌ကျင်းပမည့် ဗြိတိန်အတိုက်အခံလေဘာပါတီ၏ နှစ်ပတ်လည်ညီလာခံနှင့်တိုက်ဆိုင်နေလိမ့်မည်ဖြစ်ကြောင်းလည်း TSSA ကပြောကြာခဲ့သည်။ဗြိတိန်တွင်ငွေကြေးဖောင်းပွမှုသည် ဇူလိုင်လတွင် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စွမ်းအင်‌များကလည်းဈေးတက်နေ၍ လူနေမှုစရိတ်အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည်ဟုခန့်မှန်း‌ နေကြ၍ဖြစ်သည်ဟုဆိုသည်။

Source -ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန်တာဝန်မှု၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေရန်၊ ပြည်သူလူထု၏ဆန္ဒများကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် တာဝန်ရှိမှုတို့ကို ပြောကြားသည်။ ဥပဒေပြုရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူများကိုကာကွယ်ပေးနိုင်သည့် ဥပဒေ ဟုတ်/မ ဟုတ်တို့ကို စိစစ်ဆောင်ရွက်ရန်၊ နိုင်ငံတော်တွင်လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကိုအချိန်နှင့်တစ်ပြေးညီ သိရှိထားရန်၊ လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် အားကိုးအားထားပြုရသည့်အဖွဲ့အစည်းတစ် ရပ်ဖြစ်အောင်ဆောင်ရွက်ရန် ပြောကြားသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းများဖွင့်လှစ်၍ ဒေသခံများ၏...

ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်နေ

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်မှ ဧပြီ ၃၀ ရက်ကကြည့်ရှုစစ် ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေ ရိပ်သာတည်ဆောက်နေမှု၊ တက္ကသိုလ်‌ဘောလုံးကွင်းများအဆင့်မြှင့်တင်နိုင်ရေး၊ ရန်ကုန်ပညာရေးတက္ကသိုလ်၌ အပန်းဖြေရိပ်သာတည်ဆောက်ရန်ဆောင်ရွက်နေမှု၊ ပြည်၊ ပုဂံ၊ တကောင်း၊ သံပျင်၊ အမရာ အဆောင်များနှင့် အားကစားကွင်းများအတွက် လျာထားနေရာများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီတည်ဆောက်ပြီးစီးရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071