BTS အဖွဲ့ အ​မေရိကားသို့ ခရီးမသွားပါ

BTS အဖွဲ့ အ​မေရိကားသို့ ခရီးမသွားပါ
August 31, 2022 Popular Journal
BTS အဖွဲ့ အ​မေရိကားသို့ ခရီးမသွားပါ
RM၊ Jin၊ Suga၊ J-Hope၊ Jimin၊ V နှင့် Jungkook တို့ ပါဝင်ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ခုနစ်ယောက်ရှိသည့် K-pop အဖွဲ့ BTSအား ယမန်နေ့ည နယူးဂျာစီ Prudential Center တွင် ပြုလုပ်သည့် အခမ်းအနားတွင် မတွေ့ရပေ။
BTS သည် ၂၀၂၂ MTV ဂီတဆု​ပေးပွဲ ဆန်ခါတင်စာရင်းတွင်အများဆုံးပါဝင်ခဲ့ရာ တစ်နှစ်တာအကောင်းဆုံးအဖွဲ့၊ အကောင်းဆုံး K-pop နှင့် အကောင်းဆုံး ကကွက်ငါးခုတို့ ပါဝင်ခဲ့သည်။
လောလောဆယ်တွင် ၎င်းတို့သည် တောင်ကိုရီးယားနိုင်ငံတွင်ပင် တစ်ကိုယ်တော် ပရောဂျက်များကို အာရုံစိုက်နေသောကြောင့် အခမ်းအနားမသွားဖြစ်ခြင်းဟုသိရသည်။
၎င်းတို့၏ကုမ္ပဏီ HYBE သည် ဇွန်လမှစတင်ကာ အဖွဲ့လိုက်လှုပ်ရှားမှုများအား အကန့်အသတ်မရှိနားထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ခေတ္တခဏရပ်နားထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင်​ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက “BTS က ခေတ္တရပ်ဆိုင်းထားခြင်းမရှိပါဘူး။ ခုချိန်မှာအဖွဲ့ဝင်များကတစ်ကိုယ်တော် ပရောဂျက်များကို ပိုအာရုံစိုက်နေကြပါတယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။
J-Hope သည် ၎င်း၏တစ်ကိုယ်တော် ပရောဂျက်ဖြစ်သည့် Jack in the Box ကို ပြီးခဲ့သည့်လတွင် ထုတ်ပြီး ချီကာဂိုရှိ Lollapalooza တွင်ဖျော်ဖြေတင်ဆက်ခဲ့သည်။
HYBE သည် Disney+ နှင့် ပူးပေါင်းကာ ရှိုးများစွာကိုအတူလုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပရိသတ်အဖွဲ့ဝင် ARMY များအတွက် BTS သည် အောက်တိုဘာ ၁၅ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဘူဆန်တွင် အဖွဲ့ဖျော်ဖြေပွဲတစ်ခု ပြုလုပ်မည်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*