ဖားကန့်မြို့နယ်တွင် စစ်ဘေးရှောင်ယာယီကယ် ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ပေးထားရ

0
90

ဖားကန့်မြို့နယ်တွင် စစ်ဘေးရှောင်ယာယီကယ် ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ပေးထားရ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် စစ်ဘေးရှောင်ယာယီကယ်ဆယ်ရေးစခန်း ၁၀ ခုအား ဖွင့်လှစ်ပေးထားရပြီး ထပ်မံဖွင့်လှစ်ရမည့်အခြေအ နေများရှိနေသည်ဟု သိရသည်။

“လက်ရှိဖွင့်ပေးထားတဲ့ ယာယီစခန်း ၁၀ ခုကမလောက်ဘူး စစ်ဘေးရှောင်လာရတဲ့လူတွေကများတယ် ကျွန်တော်တို့လည်းအတတ်နိုင်ဆုံးကူညီပေးနေပါတယ်”ဟု ဖားကန့်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


စစ်ဘေးရှောင်များအား ဟောင်းပါးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ တာမခံကျေးရွာရှိ အ. ထ.ကကျောင်း၊မူကြိုကျောင်း၊တာမခံ နှစ်ခြင်းအသင်းတော်၊တာမခံ AG အသင်းတော်၊ခိုမကျေး ရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့်နတ်ရေတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းများ၌ ထားရှိပေးထားရကြောင်း သိရသည်။

“အဲဒီနေရာတွေအပြင် နန့်မဖြစ်ကျေးရွာက ဘုန်းတော်ကြီးကျောင်း မှော်စီစာကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့မမုံလျှံကျေးရွာက စာသင် ကျောင်းမှာ ထပ်ပြီးပို့ထားရတယ် ဒါပေမယ့် စစ်ဘေးရှောင်အရေအတွက်ကများတော့ ယာယီစစ်ဘေးရှောင်စခန်းတွေထပ်လိုလာတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေကြသူ များသည် ဆယ်ဇင်းကျေးရွာအပါအဝင် တိုက်ပွဲဖြစ်ပွားမှုများနှင့် နီးကပ်သည့် ကျေးရွာများမှ ရွာ သူ၊ရွာသားများဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်ယာယီကယ်ဆယ်ရေးစ ခန်း ၁၀ ခု၌ စစ်ဘေးရှောင်ဦးရေ တစ်ထောင်ကျော်ရောက်ရှိနေခြင်းဖြစ်ကာ စားသောက်နေ ထိုင်ရေးအတွက် အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here