ပေါင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်များအတွင်းသို့ရေဝင်ရောက်နေ

0
212

ပေါင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်များအတွင်းသို့ရေဝင်ရောက်နေ

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်းရေဝင်ကာ ကားလမ်းများပေါ်တွင်လည်း ရေကျော်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ပေါင်မြို့နယ်၊မုတ္တမကျေးရွာအုပ်စု၊ဝါရီရှူးရပ် ကွက်ရှိ နေအိမ်များအတွင်းသို့ သြဂုတ် ၁၂ ရက် (ယနေ့)နံနက် ၁၀ နာရီခန့်မှစတင်၍ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုးကအတော်သည်းသည်းရွာတော့ အိမ်တွေထဲကိုရေတွေဝင်လာတယ် တစ်ချို့အိမ်တွေဆိုရင် ရေကအိမ်ပေါ်အထိရောက်နေတော့ ဘေးလွတ်တဲ့အမြင့်ပိုင်းနေရာတွေဆီ ယာယီရွှေ့ပေးထားရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

အလားတူ ယနေ့နံနက် ၉ နာရီခွဲခန့်တွင်လည်း ဇင်းကျိုက်မြို့၊ခလောက်အင်းရပ်ကွက်ရှိ မော်လမြိုင် -သထုံကားလမ်း၏ မိုင်တိုင်အမှတ်(၁၆၇/၃) နှင့် (၁၆၇/၄)ကြားတွင် ကားလမ်းပေါ်သို့ ရေကျော်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ကားလမ်းရေကျော်နေမှုမှ ဖြတ်သန်းသွား လာနေသည့် ကားများ၊ဆိုင်ကယ်များနှင့်လူအများအား သွားလာမှုအဆင်ပြေစေရန် ပေါင်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများက ကူညီပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here