ကမ္ဘာလှည့် ဗီဇာလျှောက်ထား ရယူခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်

0
160

ကမ္ဘာလှည့် ဗီဇာလျှောက်ထား ရယူခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်

ကမ္ဘာလှည့်ဗီဇာ လျှောက်ထားရယူခြင်းနှင့် ပတ်သက်သည့် သတ်မှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ (၅) ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဗီဇာစည်းကမ်း သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ကမ္ဘာလှည့်ဗီဇာနေထိုင်ခွင့်သက်တမ်းအနေဖြင့် (၂၈)ရက် ခွင့်ပြုသွားမည်ဖြစ် ကြောင်း ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် နိုင်ငံကူးလက် မှတ် ကိုင်ဆောင်ထားသူဖြစ်ရမည့်အပြင် သက်တမ်း အ နည်းဆုံး (၆) လ ကျန်ရှိသူ ဖြစ်ရမည်ဟု သိရသည်။

ထို့အပြင် ဗီဇာ လျှောက်ထားသူသည် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟူသည့် တားမြစ်ချက်များလည်း ပါဝင်သည်။

မိဘ၏နိုင်ငံကူးလက်မှတ်တွင် နာမည်ပါဝင်သော(၇)နှစ်အရွယ်ကလေးငယ်များအနေဖြင့် minor sectionတွင်အချက်အလက်များထည့်သွင်းဖော်ပြရန်နှင့် ကမ္ဘာလှည့် ဗီဇာခွင့်ပြုမှုသည် ပြည်ဝင်ခွင့်ပေးခြင်း မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ပြည်ဝင်ခွင့် ငြင်းပယ်ခံရပါက မူလလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာရန်လည်း ညွှန်ကြားထားသည်။

ထို့အပြင် ကမ္ဘာလှည့်ဗီဇာခွင့် လျှောက်ထားသူများအ တွက် ခွင့်ပြုချက်သည် တကြိမ်ပြည်ဝင်ခွင့်အတွက်သာ ဖြစ်ပြီး ပြည်ဝင်ခွင့် နောက်တစ်ကြိမ်ထပ်မံလျှောက် ထားပါက ဗီဇာကိုပါ ထပ်မံလျှောက်ထားရမည် ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here