ကျိုက်ထိုမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းရာတွင် သတ်မှတ်ထားသည့်အတိုင်းမစီးနင်းပါက ယနေ့မှစတင်အရေးယူမည်

0
201

ကျိုက်ထိုမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းရာတွင် သတ်မှတ်ထားသည့်အတိုင်းမစီးနင်းပါက ယနေ့မှစတင်အရေးယူမည်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ် ကွက်၊ကျေးရွာများအတွင်း ဆိုင်ကယ်စီးနင်းရာ တွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း မစီးနင်းပါက သြဂုတ် ၅ ရက်(ယနေ့) မှစ၍ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်စီးနင်းရာတွင် အမျိုးသား ၂ ဦးစီးနင်းခွင့်မရှိဘဲ အမျိုးသမီးဖြစ်သူမှဆိုင်ကယ်အားမောင်းနှင်ကာ အမျိုးသားမှနောက်မှထိုင်လိုက်ခြင်းကိုလည်း ခွင့်မပြုကြောင်း သိရသည်။

ထို့ပြင် အမျိုးသားတစ်ဦးသာ ဆိုင်ကယ်အား မောင်းနှင်စီးနင်းခွင့်ပြုသည်ဟု စည်းကမ်းသတ်မှတ်ထားသည်။

အလားတူ ဆိုင်ကယ်အား ၂ ယောက် မောင်းနှင်စီးနင်းပါက အမျိုးသားဖြစ်သူမှ ဆိုင်ကယ်အားမောင်းနှင်ကာ နောက်မှအမျိုးသမီးတစ်ဦးလိုက်ပါစီးနင်းခွင့်ရှိပြီး အမျိုးသမီး ၂ ဦး မောင်းနှင်စီးနင်းခွင့်ရှိသည်ဟု သိရသည်။

ထိုသို့ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက သြဂုတ် ၅ ရက်(ယ နေ့)မှစတင်၍ တည်ဆဲဥပဒေအရအရေးယူသွားမည်ဟု သိရသည်။

“ဟုတ်ပါတယ် မနေ့က သြဂုတ် ၄ ရက်နေ့က ကားနဲ့လိုက်ပြီးကြေညာတာပါ ရပ်ကွက်တွေ ရွာတွေကိုလိုက်ကြေညာနေတာကြားပါတယ် ဒီနေ့ကစပြီး အဲဒီကြေညာချက်ကတရားဝင်ပေါ့”ဟု ကျိုက်ထိုမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်ဝေစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here