​ဟောင်​ကောင်နှင့်အ​ရှေ့အာဖရိက ၌ကျင်းပမည့်ကုန်စည်ပြပွဲများတွင်ပြသလိုသူများအားဖိတ်​ခေါ်

​ဟောင်​ကောင်နှင့်အ​ရှေ့အာဖရိက ၌ကျင်းပမည့်ကုန်စည်ပြပွဲများတွင်ပြသလိုသူများအားဖိတ်​ခေါ်
August 5, 2022 Popular Journal

​ဟောင်​ကောင်နှင့်အ​ရှေ့အာဖရိက ၌ကျင်းပမည့်ကုန်စည်ပြပွဲများတွင်ပြသလိုသူများအားဖိတ်​ခေါ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ITE Hong Kong 2022 36th International Travel Expo နှင့် 17th MICE Travel Expo တွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်ပြသနိုင်ကြောင်း သိရသည်။

ITE Hong Kong 2022 သည် မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပြည်ပခရီးသွားရောက်ရန် စိတ်အားထက်သန်နေသည့် ပြပွဲလာရောက်သူများအား မြန်မာနိုင်ငံအကြောင်းမိတ်ဆက်၍ ကိုဗစ်အလွန်ကာလ ခရီးသွားလုပ်ငန်းဆိုင်ရာအချက်အလက်များ ဖြန့်ဝေပေးနိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အသေးစိတ်အချက်အလက်များနှင့် ပြခန်းငှားရမ်းခနှုန်းထားများကို သိရှိလိုပါက Website: www.itehk.com သို့ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး Email: [email protected] နှင့် WhatsApp: +852-69361271 သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

အာဖရိကတိုက်၊ ကင်ညာ၊ တန်ဇန်းနီးယားနှင့် အီသီယိုးပီးယားတို့တွင် Expo group မှ ဦးစီး၍၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကျင်းပပြုလုပ်မည့် International Trade Fairs in East Africa 2022-23 တွင်လည်း မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်သည်။

အရှေ့ အာဖရိက ဒေသသည် အလျင်မြန်ဆုံး ကြီးထွားဆဲဖြစ်ပြီး ပြည်တွင်းဝယ်လိုအားပြင်းထန်မှုနှင့် အခြေခံအဆောက်အအုံများတွင် အကြီးစားရင်းနှီးမြှုပ်နှံမှုများကြောင့် စီးပွားရေးအလားအလာ ကောင်းနေဆဲဖြစ်ကြောင်းကို ပွဲစီစဥ်သည့်အုပ်စုကညွှန်းဆိုထားသည်။

အဆိုပါပြပွဲသို့ စိတ်ပါဝင်စားပါက www.expogr.com သို့ဝင်ရောက် လေ့လာနိုင်ပြီး ပါဝင်ပြသလိုပါက Mr. Jacinth Moses, International Business Development Manager, Expo group, Ph: +971 43050755, WhatsApp: +971 50 6328774, Email: [email protected] သို့ တိုက်ရိုက် ဆက်သွယ်နိုင်သည်။

UMFCCI အသင်းသားများအ​နေဖြင့်ပါဝင်ပြသမည်ဆိုပါက အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့အမည်၊ ဆက်သွယ်ရန် Email Address နှင့် ဖုန်းနံပါတ်တို့အား ကုန်သည်စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: [email protected]၊ ဖုန်း ၀၁-၂၃၁ ၄၃၄ (Ext: ၃၀၁) သို့ မိတ္တူပေးပို့၍ ဆက်သွယ်နိုင်​ကြောင်းကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ကနိုး​ဆော်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*