မြန်မာမသန်စွမ်းအားကစားအဖွဲ့ ရွှေတံဆိပ်ဆု ၄ ဆုထပ်မံဆွတ်ခူး

0
326

မြန်မာမသန်စွမ်းအားကစားအဖွဲ့ ရွှေတံဆိပ်ဆု ၄ ဆုထပ်မံဆွတ်ခူး

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ ရွှေတံဆိပ်ဆု ၄ ဆုထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ ရွှေတံဆိပ်ဆုများအား ပြေးခုန်ပစ်အားကစားနည်း၏ အမျိုး သားမီတာ၂၀၀ အပြေးပြိုင်ပွဲတွင် ကိုစိုးပေက ရွှေတစ်ခု၊ အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် ကိုဇော်မင်းလွင်က ရွှေတစ်ခုတို့အား ဆွတ်ခူးရရှိခဲ့သည်။

အလားတူ အမျိုးသား မီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲတွင် ကိုနန္ဒစိုးမင်းက ရွှေတစ်ခုနှင့်အမျိုး သားသံလုံးပစ်ပြိုင်ပွဲတွင် ကိုအောင်ဖုန်းမြတ်က ရွှေတစ်ခုတို့အား ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ ပြေးခုန်ပစ်၊ရေကူး၊အလေးမနှင့်မြှားပစ်အားကစားနည်းတို့မှလည်း ငွေတံဆိပ်ဆုများနှင့်ကြေးတံဆိပ်ဆုများကိုလည်း ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် လက်ရှိအချိန်၌ ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆပ် ၉ ခု၊ ကြေးတံဆိပ် ၁၃ ခု(စုစုပေါင်း ၃၅ ခု)ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ် မှူးချုပ်လှမိုးက အမျိုးသားမီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် နန္ဒစိုးမင်း၊ မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ (ပြည်ပရေးရာ)ဗိုလ်မှူးချုပ်တင်မောင်လှိုင်(ငြိမ်း) နှင့်ဆေးမှူးချုပ် ဗိုလ်မှူးကြီးကျော်စိုး(ငြိမ်း)တို့က အမျိုးသားမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ကြေးရရှိခဲ့သည့် အားကစားသမားများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here