Thursday, May 29, 2025

သီတဂူ စက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ်...

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN....

ငလျင်ဒဏ်သင့်ဒေသများရှိ အာမခံထားသူများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်...

မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ အာမခံထားသူများအား သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမားများ၏ သားသမီးများအတွက်...

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ...

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ကစားသမားများပေါ်ထွက်ရေး ယခုနှစ်အတွင်း တစ်လ...

မျိုးဆက်သစ် ရိုးရာလက်ဝှေကစားသမားများပေါ်ထွက်ရေးအတွက် ရည်ရွယ်၍ ယခုနှစ်အတွင်း တစ်လ ပွဲ(၁)နှုန်း ပြိုင်ပွဲကျင်းပသွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အသိပေးထားသည်။ ထို့ကြောင့် လာမည့် ဇွန်လ(၁)ရက်တွင် ပြိုင်ပွဲကျင်းပပြုလုပ်ရန် ရှိနေပြီး...
HomeCelebrities' Newsအသက် ၇၄ အရွယ်မှာပင်စင်လစာ၁...

အသက် ၇၄ အရွယ်မှာပင်စင်လစာ၁ သိန်းကျော် နဲ့တစ်ဦးတည်းရပ်တည်နေရတဲ့သရုပ်ဆောင် ဦးချစ်စရာ

အသက် ၇၄ အရွယ်မှာပင်စင်လစာ၁ သိန်းကျော် နဲ့တစ်ဦးတည်းရပ်တည်နေရတဲ့သရုပ်ဆောင် ဦးချစ်စရာ

သရုပ်ဆောင် ဦးချစ်စရာအနေနဲ့ အခုလက်ရှိမှာ အသက် ၇၄ နှစ်ရှိနေပြီး ဆေးပင်စင်လစာ ၁ သိန်းကျော်ထဲက တစ်ယောက်ထဲရပ်တည်နေရသူဖြစ်ပြီး ဘယ်ဘက်မျက်လုံးကွယ်ကာ ညာဘက်မျက်လုံးမှာလည်း ရေတိမ်ဖြစ်နေလို့ကုသနေရတာဖြစ်ပါတယ်။ 

အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး ဦးချစ်စရာက ” လေးချစ်ရဲ့ဘဝမှာ အနုပညာကိုအရမ်းချစ်ပြီးဝါသနာပါလို့လုပ်ခဲ့တယ် အနုပညာလုပ်နေရင်းတစ်ဖက်မှာလည်း အ​ဝေးသင်တက္ကသိုလ်မှာ ရုံးအလုပ်လုပ်ခဲ့ပြီး ကြားရက်တွေမှာလည်းအားရင်အားသလိုရိုက်ကူးရေးလုပ်တယ်။ အဲ့နောက်ပိုင်း မျက်လုံးဘယ်ဘက်ခြမ်းက အာရုံကြောအားနည်းမှုကြောင့်မျက်လုံးကွယ်သွားတယ်မမြင်ရတော့ဘူး ညာဘက်မျက်လုံးကတော့ ရေတိမ်ဖြစ်နေပြီးကုနေရတယ်။  ဆီးချိုကလည်းရှိနေတော့ ပင်စင်တင်တဲ့အခါမှာ ဆေးပင်စင်ရတယ်။ နာမကျန်းပင်စင်ဆိုတော့ တစ်လကိုတစ်သိန်းရတယ် မိန်းမကရုံးဝန်ထမ်းဆိုတော့ သူဆုံးသွားချိန်မှာ ပင်စင်ရတယ်သူ့ပင်စင်က ၆ သောင်းပါ အဲ့တော့အားလုံးပေါင်း ၁သိန်း ၆ သောင်းနဲ့ ရပ်တည်နေရတယ်” လို့ပြောပါတယ်။ 

ဦးချစ်စရာဟာလူရွှင်တော်သရုပ်ဆောင်အနေနဲ့ အနုပညာအလုပ်​တွေကိုလုပ်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာ မျက်လုံးတိမ်စွဲကာ မျက်လုံးဘယ်ဘက်ခြမ်းအမြင်အာရုံပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ 

အခုလက်ရှိဦးချစ်စရာအနေနဲ့ အမှတ် ၁၈ လက်ခုတ်ပင်လမ်း ၁ ရပ်ကွက် ကမာရွတ်မြို့နယ်မှာ နေထိုင်နေတာဖြစ်ပြီး တူ၊တူမတွေက လာရောက်စောင့်ရှောက်ပေးနေတယ်လို့သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူ စက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က ငွေကျပ် သိန်းတစ်ထောင် လာရောက်လှူဒါန်း

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN. THICH POUOC TAN ဦးဆောင်သော ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က စက္ခုဒါနအလှူအဖြစ် ငွေကျပ်သိန်းတစ်ထောင်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ ဗီယက်နမ်ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့အား စက္ခုဒါနအလှူတော်အကြောင်းအရာများ၊ သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်ဒေသများ၌ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သီတဂူဆရာတော်ကြီးက ရှင်းလင်းမိန့်ကြားသည်။ ထို့နောက် ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား လှူဒါန်းငွေများနှင့်...

ငလျင်ဒဏ်သင့်ဒေသများရှိ အာမခံထားသူများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်းနှင့် သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးမည်

မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ အာမခံထားသူများအား သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမားများ၏ သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးခြင်းကို Online Payment စနစ်များဖြင့် ပေးချေနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် မန္တလေးမြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုရှိ အာမခံထားသူများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံလုပ်သားများ၏ သားသမီးများအတွက် ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးခြင်းကို Online...

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့်အဖွဲ့ဖြစ်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ဆေးဝါးထောက်ပံ့မှုများအား (၃၇) ရက်ကြာ ဆောင်ရွက်ပေးခဲ့သော အဖွဲ့ဖြစ်သည်။ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ဒဏ်ရာရရှိသူများအပါအဝင် စစ်ကိုင်းမြို့နှင့်အနီးဝန်း ကျင်ရှိကျေးရွာများမှ ပြင်ပလူနာပေါင်း (၃,၆၄၃) ဦးအား စစ်ဆေးကုသကြည့်ရှုပေးခြင်းနှင့် လူနာ (၃၀၅) ဦးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071