Thursday, April 30, 2026

အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော်...

ယနေ့လွတ်ငြိမ်းဖြင့် အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော်လွတ်မြောက်ခဲ့ကြောင်း မေးမြန်းချက်များအရ သိရသည်။ နိုင်ငံတော်သမ္မတရုံးသည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို...

ဧရာဝတီတိုင်းဒေသကြီး အကျဥ်းထောင်အသီးသီးနှင့်စခန်းများမှ အကျဥ်းသား/သူ (၁၄၆)...

နိုင်ငံတော်သမ္မတရုံးမှ  အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင်...

မအူပင် (တောင်) သဘာဝဓာတ်ငွေ့မြေတွင် နည်းပညာသစ်အသုံးပြု၍...

​မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ လုံခြုံစိတ်ချရမှုနှင့် ပြည် တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်း၊ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ...

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ နံနက်၇နာရီအချိန်တွင် ပုသိမ်မြို့သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့ကြောင်း...
HomeNewsLocal Newsယနေ့ (ဇူလိုင်လ ၂၈ရက်)...

ယနေ့ (ဇူလိုင်လ ၂၈ရက်) ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ (၁၈) ဦးတွေ့ရှိ

ယနေ့ (ဇူလိုင်လ ၂၈ရက်) ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ (၁၈) ဦးတွေ့ရှိ 

ယနေ့ ဇူလိုင်လ (၂၈)ရက် ည (၈) နာရီအချိန် ကျန်းမာ ရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက် ခံရသူ (၁၈) ဦး ရှိကြောင်း သိရသည်။

ဇူလိုင်လ (၂၇) ရက် ည (၈) နာရီမှ (၂၈)ရက် (၈) နာရီအ ထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၆,၁၉၈) ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် (၁၈) ဦး တွေ့ရှိရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၅၁၇,၉၉၆) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအ တည်ပြုလူနာ စုစုပေါင်း (၆၁၄,၀၀၉) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၁၇) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်း မွန်လာသူ စုစုပေါင်း (၅၉၂,၈၆၅) ဦး ရှိပြီဖြစ်ပြီး သေဆုံးသူစုစုပေါင်း (၁၉,၄၃ ၄) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ ၂၃  ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၀၄၈,၈၂၇) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦး ရေစုစုပေါင်း (၅,၉၃၂,၇၆၈) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော် လွတ်မြောက်

ယနေ့လွတ်ငြိမ်းဖြင့် အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော်လွတ်မြောက်ခဲ့ကြောင်း မေးမြန်းချက်များအရ သိရသည်။ နိုင်ငံတော်သမ္မတရုံးသည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန် ရည်ရွယ်၍ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ၎င်းတို့သည် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုပြစ်ဒဏ်မှ ကျန်ရှိသည့်ပြစ်ဒ-ဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျန်ရှိသောပြစ်ဒ-ဏ်များအပေါ် လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုလွတ်ငြိမ်းတွင် နိုင်ငံရေးအကျဥ်းသားများမပါဝင်ဘဲ လွတ်ရက်စေ့သူများ အများဆုံးပါဝင်ကြောင်း...

ဧရာဝတီတိုင်းဒေသကြီး အကျဥ်းထောင်အသီးသီးနှင့်စခန်းများမှ အကျဥ်းသား/သူ (၁၄၆) ဦးအား ပြစ်ဒ-ဏ်မှ လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်သမ္မတရုံးမှ  အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် အမိန့်အမှတ် ၅၁/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။      အဆိုပါထုတ်ပြန်ကြေညာချက်အရ ပုသိမ်အကျဥ်းထောင်မှ ကျား (၂၅) ဦး၊မ (၅) ဦးအပါအဝင် အကျဥ်းသား/သူ ( ၃၀ ဦး) ၊ မြောင်းမြအကျဥ်းထောင်မှ ကျား (၂၂) ဦး မ (၃) အပါအဝင် အကျဥ်းသား/သူ (၂၅) ဦး၊ မအူပင်အကျဥ်းထောင်မှ...

မအူပင် (တောင်) သဘာဝဓာတ်ငွေ့မြေတွင် နည်းပညာသစ်အသုံးပြု၍ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်မှု စံချိန်သစ်တင်

​မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ လုံခြုံစိတ်ချရမှုနှင့် ပြည် တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်း၊ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ သဘာဝဓာတ်ငွေ့များတိုးတက်ထွက်ရှိလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ခေတ်မီနည်းပညာများအသုံးပြု၍ မအူပင် (တောင်) တွင်းအမှတ် (၁၄) ရှိ ပါးလွှာသဲကြောများအား သေချာစွာသုတေသနပြုဆန်းစစ်ပြီးဖောက်ယူထုတ်လုပ်ခဲ့ရာ ဧပြီ ၂၈ ရက်၌ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ (၂) သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။​တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ ရွာမသဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းမှတစ်ဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071