ဆေးဝါးများ ဈေးတင်မ‌ရောင်းကြဖို့ လုပ်ငန်းရှင်များကို မှာကြားထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူပြော

0
113

ဆေးဝါးများ ဈေးတင်မ‌ရောင်းကြဖို့ လုပ်ငန်းရှင်များကို မှာကြားထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူပြော

ပြည်သူလူထု၏ အကျိုးကို ရှေးရှုပြီး ဆေဝါးများကို ဈေးတင် မရောင်းကြရန် ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းသည့် လုပ်ငန်းရှင်များကို မှာကြားထားကြောင်း ကျန်းမာ ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ဇူလိုင်လ (၂၆) ရက်က နေပြည်တော်တွင်ပြုလုပ်သည့် နစက၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိဈေးကွက်အတွင်း ဆေးဝါးဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ပတ်သက်၍ သတင်းထောက်တစ်ဉီး၏ မေး မြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ပြည်သူလူထု အကျိုးကို ရှေးရှုပြီးတော့ အတ္တနဲ့ပရပေါ့ စဥ်းစားပြီးတဲ့ အခါကျရင် ဆေးဝါးနဲ့ပတ်သက်တဲ့ဟာတွေကို ကြိုတင်ဈေးတက်တာမျိုး မဟုတ်ဘဲနဲ့ ကိုယ်ဝယ်ထားတဲ့ဟာနဲ့ ရောင်းရမယ့်ဟာနဲ့ ပြည်သူလူထုကို မှန်မှန် ကန်ကန်ပေါ့။ ဆေးဝါးတွေ ထိန်းချုပ်ပြီးတော့ အများပြည်သူရရှိဖို့အတွက် ဆောင်ရွက်ဖို့လည်း ကျွန်တော်တို့တိုက်တွန်းပြောကြားလျက်ရှိပါတယ်” ဟုဒေါက်တာ သန်စိုးနိုင်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်တွင်း၌ ဒေါ်လာဈေး နှုန်း မငြိမ်သက်မှုကြောင့် ဆေးဝါး အပါအဝင် အခြေခံ လူသုံးကုန် ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်း တင်သွင်းသူများအနေဖြင့် ဒေါ်လာဈေး မြင့်တက်မှု၏ ရိုက်ခတ်မှုအနေ ဖြင့် သွင်းကုန်ဈေးနှုန်း မြင့်တက်မှုကို အကြောင်းပြကာ ဆေးဝါးဈေးနှုန်းများ ဈေးတင် ရောင်းချနေမှုများ ရှိသ လို ဈေးကွက်အတွင်း ဆေးနှင့် ဆေးပစ္စည် ပြတ်လတ်မှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စီးပွားကူးသန်း ဝန်ကြီးဌာ န လက်အောက်ရှိ ကုန်သွယ်မှု ဦးစီးဌာနက ပြည်တွင်းရှိ ဆေးနှင့် ဆေးဝါးပစ္စည်း တင်သွင်းရန် လိုင်စင်လျှောက် ထားသည့် လုပ်ငန်းရှင်များအား မိမိတို့၏ အစီအစဉ်ဖြင့် ပြင်ပမှ ဒေါ်လာ ဝယ်ယူကာ ဆေးနှင့် ဆေးပစ္စည်းတင်သွင်းမည်ဆိုပါက လိုင်စင်ချထားပေးမည်ဟု အကြောင်း ကြားစား ထုတ်ပြန်အသိပေးခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံများ၊ ကျေးလက်ကျန်းမာ ရေးဌာနများနှင့် ဌာနခွဲများတွင် တီ ဘီဆေး၊ HIVဆေး၊ငှက်ဖျားဆေးများ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုတွေ အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးဝါးအခမဲ့ပေးခြင်းတို့ကို တွေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here