ဒေါ်လာပေါက်ဈေး မြင့်တက်မှုကို ကမ္ဘာ့ပေါက်ဈေးနှင့် ချိန်၍ ထိန်းညှိရန် ပြင်ဆင်နေဟု နစက ပြော

0
293

ဒေါ်လာပေါက်ဈေး မြင့်တက်မှုကို ကမ္ဘာ့ပေါက်ဈေးနှင့် ချိန်၍ ထိန်းညှိရန် ပြင်ဆင်နေဟု နစက ပြော

ပြည်တွင်းဒေါ်လာ ဈေးကွက်၌ ဒေါ်လာဈေးမြင့် တက်နေမှုကို ထိန်းညှိနိုင်ရေးအတွက် လက်ရှိကမ္ဘာ့ပေါက်ဈေးများနှင့် ချိန်ညှိကာ လုပ်ဆောင်နေကြောင်း နစက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဇူလိုင်လ (၂၆) ရက်တွင် နေပြည်တော်၌ ကျင်းပသည့် (၁၈) ကြိမ်မြောက် နစက၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ဒေါ်လာဈေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားငွေ သုံးစွဲရေး ကြီးကြပ်မှု ကော်မတီကနေ ဦးစီးပြီး ဆောင်ရွက်လျက် ရှိပါတယ်။ ကမ္ဘာ့ ပေါက်ဈေးနဲ့ ချိန်နေတာ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဇူလိုင်လ အစောပိုင်းအတွင်းက ပြည်တွင်း ရင်းနှင်း မြှုပ် နှံမှု ကဏ္ဍတွေ ဆောင်ရွက်နေသည့် ကုမ္ပဏီများအပေါ် နိုင်ငံခြားငွေနှင့် ပတ်သက်၍ ဗဟိုဘဏ်က ကန့်သတ်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ပြည်‌တွင်း ဒေါ်လာဈေး ကွက်တွင် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ် သည်။

ယင်းသို့ ဒေါ်လာဈေး မငြိမ်သက်မှုများ ဖြစ်ပေါ်မှုကြောင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သလို ရွှေ၊ ဆန်၊ ဆီနှင့် ဆေးဝါးအပါအ ဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများလည်း သိသိသာသာမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဇူလိုင်လ ဒုတိယပတ်အတွင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ကန့်သတ်ချက်များတွင် နိုင်ငံခြားသား ပိုင်ဆိုင်မှု(၃၅) ရာ ခိုင်နှုန်းပါဝင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ယ ခင်က ကင်းလွတ်ခွင့်ပြုထားသည့် ရင်နှီးမြှုပ်နှံမှု ကုမ္ပဏီများကို ၎င်းတို့ပိုင် ဒေါ်လာများအား ဗဟိုဘဏ် သတ်မှတ်ဈေး နှုန်း တစ်ဒေါ်လာလျင် ၁၈၅၀ ကျပ်ဖြင့် ကျပ်ငွေသို့ လဲလည်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ညွှန်ကြားပြီးနောက်ပိုင်း ဈေးကွက်အတွင်း ဒေါ် လာဈေးနှုန်းမှာ မြင့်တက်လာခဲ့ရာ လက်ရှိတွင် ဈေးကွက်အတွင်း၌ အမေရိကန်(၁)ဒေါ်လာလျင် မြန်မာငွေ (၂၄၀၀) ဝန်းကျင် ပေါက်ဈေးရှိနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here