NLD ပါတီကို စစ်ဆေးနိုင်ရန် ဆက်သွယ်ဆောင်ရွက်နေဆဲ အခြေအနေသာဖြစ်ကြောင်း UEC တာဝန်ရှိသူပြော

0
249

NLD ပါတီကို စစ်ဆေးနိုင်ရန် ဆက်သွယ်ဆောင်ရွက်နေဆဲ အခြေအနေသာဖြစ်ကြောင်း UEC တာဝန်ရှိသူပြော

ရွေးကောက်ပွဲ ဥပဒေအရ စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တာဝန် ရှိသူများကို ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုသူရှိသူက ပြောသည်။

ဇူလိုင်လ (၂၆) ရက် မွန်းလွဲပိုင်း နေပြည်တော်တွင် ကျင်း ပသည့် နစက၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” NLD ပါတီကို စစ်ဆေးနိုင်ရေး ဆောင်ရွက်တဲ့အခါမှာ သူတို့မှာ အဓိက တာဝန်ရှိတဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့က တချို့ကလည်း ဖမ်းဆီးခံရတာတွေရှိတယ်။ တချို့ကလည်း တိမ်းရှောင်နေရတာတွေ ရှိပါတယ်။ ဆက်သွယ်တဲ့အခါမှာလည်း အဆက်အသွယ်က မရဖြစ်ပါတယ်။ ဒါကြောင့် ဒီပါတီကို စစ်ဆေးနိုင်ဖို့အတွက်က လက်ရှိအခြေအနေမှာ ဆက်သွယ်ဆောင်ရွက်ဆဲ အခြေအနေပဲ ဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင် ဦးက ပြောသည်။

ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကို စစ်ဆေးပိုင်ခွင့်ရှိပြီး လက်ရှိတွင် ပါတီအများစုကို စစ်ဆေးမှုများ လုပ်ဆောင် ခဲ့ပြီး စစ်ဆေးရန် ကျန်ရှိနေသည့် ပါတီများကိုဆက်လက် စစ်ဆေးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

နစက၏ ၂၀၂၃ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ် မဖြစ်ကို ပြည်သူအ များစု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လေ့ လာစောင့်ကြည့်လျက် ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here