Wednesday, May 28, 2025

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ...

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက်...

ကင်ညာ နိုင်ငံသား (၇)ဦးအား ထိုင်းနိုင်ငံအခြေစိုက်...

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းလိ-မ်လ-ည်မှုလုပ်ငန်းများမှ ထိန်းသိမ်းထားသည့် ကင်ညာနိုင်ငံသား (၇)ဦးအား ယနေ့မေလ (၂၈)ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် ကင်ညာသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...

မန္တလေးငလျင် (၂) လပြည့်နေ့တွင် မန္တလေးမြို့...

မတ်လ (၂၈) ရက်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေးနှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုမှာ ယနေ့ မေလ (၂၈) ရက်တွင် (၂)...
HomeNewsLocal Newsနိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံအလံလွှင့်ပြီး နိုင်ငံ...

နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံအလံလွှင့်ပြီး နိုင်ငံ တော် ဂုဏ်သိက္ခာ မြှင့်တင်ကြရန် မြန်မာကိုယ်စားပြု တက္ကသိုလ်အားကစား သမားအဖွဲ့ကို ဒုတပ်ချုပ်မှာကြား

နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံအလံလွှင့်ပြီး နိုင်ငံ တော် ဂုဏ်သိက္ခာ မြှင့်တင်ကြရန် မြန်မာကိုယ်စားပြု တက္ကသိုလ်အားကစား သမားအဖွဲ့ကို ဒုတပ်ချုပ်မှာကြား

နိုင်ငံတကာအလယ်တွင် အမိနိုင်ငံ၏ အလံတော်လွှင့်ထူဂုဏ်ပြုခံရခြင်းမျိုးကို လိုလားတောင့်တ၍ နိုင်ငံတော်၏ ဂုဏ်သိက္ခာအားမြှင့်တင်ကြရန် အာစီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် သွားရောက်ယှဥ်ပြိုင်မည့် မြန်မာ နိုင်ငံ ကိုယ်စားပြုအဖွဲ့အား နစက ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ် ချုပ်မှူးကြီး စိုးဝင်းက မှာကြားလိုက်သည်။

နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဇူလိုင် ၂၀ ရက်ကပြုလုပ်သည့် အကြိမ်(၂၀)မြောက် အာစီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် သွားရောက်ယှဥ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု တက္ကသိုလ်အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနား၌ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ၌ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများအနေ ဖြင့် ခေတ်အဆက်ဆက်အောင်မြင်ကျော်ကြားခဲ့သည့် တက္ကသိုလ်အားကစား၏ ကောင်းမွန်သည့်သမိုင်းအမွေအား ထိန်းသိမ်းမြှင့်တင်ပေးနိုင်လိမ့် မည်ကို ယုံကြည်သည်ဟု ပြောသည်။

“အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုတ က္ကသိုလ်အားကစားသမား ၃၃ ယောက်က ဘော လုံး၊မြားပစ်၊ပိုက်ကျော်ခြင်းနဲ့ဝူရှူး အားကစားနည်း ၄ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ကြမှာပါ”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

အဆိုပါ အားကစားပြိုင်ပွဲအတွက် သတ်မှတ်စံ ချိန်စံညွှန်းများနှင့်ကိုက်ညီသည့် အားကစားသ မားများအား တက္ကသိုလ်များမှရွေးချယ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားခြင်းဖြစ်၍ နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊အားကစားစွမ်းဆောင်ရည် မြင့်မားမှု၊စံချိန်စံညွှန်းကောင်းမွန်မှု အရည်အ သွေးများ ပြည့်ဝခိုင်မာစွာဖြင့် ပြိုင်ပွဲဝင်ရန် အ သင့်ဖြစ်နေပြီကို ယုံကြည်သည်ဟုပြောသည်။

“အားကစားအောင်မြင်မှုတွေဟာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်တဲ့အတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိဖို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အ ဖြစ်ခံယူပြီး တက္ကသိုလ်အားကစားအဖွဲ့ဝင်တွေရဲ့ပခုံးထက်မှာထမ်းဆောင်ထားကြရမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

အလားတူ “ပွဲမဝင်ခင်အပြင်ကကျင်းပ” ဆိုသည့် စကားနှင့်အညီ တက္ကသိုလ်ကျောင်းသားအားက စားသမားများအနေဖြင့် ဇွဲ၊လုံ့လ၊ဝီရိယအပြည့်ဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ပြီးဖြစ် ၍ မိမိတို့၏ ကြိုးစားအားထုတ်မှုများကို တက္က သိုလ်အားကစား သမိုင်းတွင် မှတ်တမ်းတင်နိုင်ရန် တက်ညီလက်ညီကြိုးစားယှဉ်ပြိုင်သွားစေလိုသည်ဟု ပြောသည်။

“နိုင်ငံတကာအလယ်မှာ အမိနိုင်ငံရဲ့အလံတော်လွှင့်ထူဂုဏ်ပြုခံရတာကို နိုင်ငံသားတိုင်းက လို လားတောင့်တကြတဲ့အတွက် အားသွန်ခွန်စိုက် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် အားကစားပြိုင်ပွဲများ၌ ကျွမ်းကျင်မှု၊အ တွေ့အကြုံနှင့်အလေ့အကျင့်တို့အား စဉ်းစားဆင် ခြင်ဉာဏ်၊လျှပ်တပြတ်ဖြတ်ထိုးဉာဏ်၊မှန်ကန်သည့်အယူအဆ မှန်ကန်မြန်ဆန်သည့် ဆုံးဖြတ် ချက်တို့ဖြင့် ပေါင်းစပ်အသုံးချယှဉ်ပြိုင်ပါက အောင်ပွဲဆင်နိုင်မည်ဟုပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကိစ္စသည် ဆွေးနွေးမည့်အစီအစဉ်တစ်ရပ်ဖြစ်ဖွယ်ရှိသည်။ မက်ခရွန်သည် ဒေသတွင်းခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ဒုတိယမြောက်ခရီးစဉ်အဖြစ် ရောက်ရှိခြင်းဖြစ်ပြီး ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်များကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။ သူသည်ကြာသပတေးနေ့တွင် စင်ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ နှစ်နိုင်ငံအနေဖြင့် လက်ရှိမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆွေးနွေးမည့် နယ်ပယ်များနှင့်ပတ်သက်၍...

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက် ၅ နာရီခွဲခန့်က ထိတွေ့ပ-စ်ခ-တ်မှုဖြစ်ခဲ့ကြောင်း ဆူရန်နာရီ အထူးတပ်ဖွဲ့က သတင်းပို့ခဲ့သည်ဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်ထိုင်း ဆူဗာရီးက ပြောကြားခဲ့သည်။ အခင်းမဖြစ်ပွားမီက ကမ္ဘောဒီးယားစစ်သားများသည် ယခင်သဘောတူညီချက်ကို ချိုးဖောက်ကာ အငြင်းပွားနယ်စပ် ဧရိယာကို ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ ထိုင်းစစ်သားများက ယခင်ကအတိုင်း ၎င်းတို့ဆီ သွားရောက်ကာ အကျိုးအကြောင်းပြောဆိုရန်ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ကမ္ဘောဒီးယားစစ်သားများက နားလည်မှုလွဲခဲ့ပုံရကာ...

ကင်ညာ နိုင်ငံသား (၇)ဦးအား ထိုင်းနိုင်ငံအခြေစိုက် ကင်ညာသံရုံးသို့ လွှဲပြောင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းလိ-မ်လ-ည်မှုလုပ်ငန်းများမှ ထိန်းသိမ်းထားသည့် ကင်ညာနိုင်ငံသား (၇)ဦးအား ယနေ့မေလ (၂၈)ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် ကင်ညာသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လွှဲပြောင်းပေးအပ်မှုအား မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ ခရိုင်လဝကမှူး ဒုညွှန်မှူး ဦးကျော်ကျော်သန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးကျော်ဇင်ဦးတို့မှ ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Lindsay Kipt iness ထံသို့ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ (၂၀) ရက်‌ကလည်း ရုရှားနိုင်ငံသားတစ်ဦးအပါအဝင် နိုင်ငံခြားသား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071